အပိုင်း၅-၃
စူယွီကျုံး နှုတ်ခမ်းများမှာစူလျက်နှင့်မဲ့ကျသွားသော်လည်း ဘာမှတော့ပြန်မပြောခဲ့ပေ။
" မင်းအတွက်တော့ မင်းခံစားလိုက်ရတဲ့ နစ်နာမှုက ပိုကြီးကောင်းပိုကြီးနေနိုင်တာမို့ ကိုယ့်ဘက်ကနေ မင်းကို နစ်နာကြေးအတွက် တစ်ခုခုပြန်အစားထိုးလျော်ကြေးပေးနိုင်တယ်။ " စု့ချန့်အသံခပ်တိုးတိုးနဲ့ " ကိုယ်လည်းကိုယ့်ကိုယ်ကိုယ် ကာကွယ်တာဆိုပေမဲ့ပေါ့။ "
" အဲ့ဒါဆိုလည်းခင်ဗျားကျွန်တော့်ကို မေ့လဲအောင်ရိုက်လိုက်ရင်လဲရတာပဲမဟုတ်ဘူးလား? "
စူးယွီကျုံး တိုးတိုး၊ တိုးတိုးနဲ့ ရေရွတ်လေတယ်။
စု့ချန့်တစ်ယောက်မကြားချင်ယောင်ဆောင်ရင်းဆက်ပြီး " တကယ်လို့မင်းသာ ကိုယ်ရဲ့ နစ်နာကြေးပေးမယ့်ကိစ္စကို လက်ခံနိုင်တယ်ဆိုရင်၊ ကိုယ်တို့နောက်ပိုင်းကိစ္စတွေ ဆက်ဆွေးနွေးရအောင် "
" နောက်ပိုင်း !"
စူးယွီကျုံးအနည်းငယ်တုန့်ဆိုင်းသွားပြီးမှ " ဘာနောက်ပိုင်းလဲ ? "
စု့ချန့်သူ့ကိုကြည့်ပြီး သူတစ်ညလုံးစဉ်းစားတွေးတောထားတဲ့ ဆုံးဖြတ်ချက်ကိုထုတ်ပြောချလိုက်တယ်။ " နောက်လာမယ့်လအထိ တစ်လလုံးမင်းနဲ့ မနေ့ညကဖြစ်ခဲ့တဲ့ ဆက်ဆံရေးကို ထိန်းထားပြီးရှေ့ဆက်သွားနိုင်ဖို့ကိုယ်မျှော်လင့်ထားတယ်။ "
" မင်းမှာ ဘယ်လိုတောင်းဆိုချက်မျိုးရှိရှိ ကိုယ့်ကိုပြောလို့ရတယ်။ "
" ကျွန်တော် သဘောသိပ်မပေါက်ဘူး။မနေ့ညက ဆက်ဆံရေးကိုထိန်းသိမ်းထားမယ်ဆိုတာက ....... ဘာကိုပြောချင်တာလဲ ? " စူးယွီကျုံးတစ်ယောက်ပဟေဠိတွေနဲ့ပြည့်နှက်နေတဲ့ မျက်နှာနဲ့ သူ့(စု့ချန့်)ကိုငေးကြည့်လို့နေမိတယ်။
" မနေ့ညက .....ကျွန်တော်တို့ ..... "
သူ(စူးယွီကျုံး)ရုတ်တရက်အသက်ရှူကြပ်သလိုဖြစ်သွားပြီး။ ဘာကိုတွေးမိတယ်မသိ မျက်နှာကတဖြေးဖြေးနဲ့ ဝက်အသည်းလိုမျိုး အနီရင့်ရောင်ဖြစ်လာတယ်။ " မဟုတ်မှ၊ ခင်ဗျားကျွန်တော့်နဲ့ထပ်အိပ်ဖို့တွေးနေတယ်လို့ ပြောချင်နေတာလား? ခင်ဗျားလာနောက်နေတာလား? "
YOU ARE READING
小甜A誰不喜歡?( မြန်မာဘာသာပြန် )( Unicode )
Romanceဒါလေးက ပုံမှန် ABO Fic တွေနဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ OA Ficပါ။ စာရေးသူ Zuì ài méizi jiǔ { 最爱梅子酒 } ဖန်တီးမှုလက်ရာတွေကတစ်ခုဖြစ်ပြီး အပိုင်း104ပိုင်းရှိပါတယ်။ တစ်ပုဒ်လုံးကို စကားတစ်လုံးနဲ့ပုံဖော်ရရင် ချိုတယ်ဆိုတာပါပဲ။