Part 16

734 22 9
                                    

အပျင်းစားအရက်ခွက်အား အားဖြင့်ပစ်ပေါက်ခွဲလိုက်သည့်သံမှာ ဦးခန့်ထည်ဝါ၏သီးသန့်နားနေဆောင်မှ ထွက်ပေါ်လာခဲ့၏ တင်းတင်းစေ့ထားသောနူတ်ခမ်းတစ်စုံတွင်း အောက်သားနူတ်ခမ်းများဖိကိုက်ထားသည့်ပမာ တစက်စက်တုန်ယင်လို့နေသည် မှေးရိုးမှေးကျသွယ်လှသောမျက်နှာအားအပေါ်သို့မော့ကာ မျက်ဝန်းများကိုမှေးမှိတ်လိုက်ရင်း ချစ်စရာမျက်နှာပိုင်ရှင်အား ဖူးမျှော်မြင်ယောင်မိပြန်၏

လွန်းစေရာနောင် တဲ့လေ ဒါသူစွဲလန်းမိခဲ့သော ပထမဆုံးရူးသွပ်မူလေးတစ်ခု တစ်နေ့တစ်ချိန်သေချာပေါက်ပိုင်ဆိုင်ရမယ်ယုံကြည်ထားခဲ့သော်လည်း တစ်စုံတစ်ဦးကြောင့်ထိုယုံကြည်မူတွေရိုက်ချိုးခံရပြီး လုယူခံခဲ့ရသည်ကိုရင်လုခဲမနာဖြစ်လို့နေရသည်မှာအမှန်...

" သူဌေး အောက်ထပ်မှာ တော်ဝင်မင်းမောင်ဆိုတဲ့လူ ရောက်နေတယ်"

တော်ဝင်မင်းမောင် ဆိုသော နာမည်ကြားသည်နှင့် မှိတ်ထားသောမျက်လုံးတို့က ဆက်ခနဲပွင့်ဟလာကာ တပည့်လုပ်သူကိုစူးစူးရဲရဲကြည့်ရင်း..

" ဘာလာလုပ်တာတဲ့လည်း "

သူ့အမေးကို သတင်းလာပေးသော ကောင်လေးကမသိသလို ခေါင်းကိုငုတ်ကာ ရမ်းခါပြ၏

"စောင့်ခိုင်းလိုက် "

ဦးခန့်ထည်ဝါ ၏ အသံမှာ ယခင်ကထက်သြရှလို့နေ၏ ဘာအကြောင်းပြချက်မှမပေးပဲ စောင့်ခိုင်းလိုက်ခြင်းက တော်ဝင်အားတမင်ပညာပြချင်နေသလားပင် ဝရံတာဘက်ထွက်ကာ လေအဝရှူသွင်းလိုက်ရင်း ကိုယ်လက်ကိုဘယ်ညာလူပ်ရှားလိုက်၏ အနည်းဆုံးတော့ ဘာလို့စောင့်ခိုင်းလည်းမေးရင် လေ့ကျင့်ခန်းလုပ်နေတာဆိုသော အကြောင်းပြချက်လေးပေးလို့ရတာပေါ့ မဟုတ်လား..

သူချက်ပြုပေးသော နေ့လည်စားကိုစားပြီး ပြန်အိပ်ပျော်သွားသူ၏ နားတင်စပ်နားက ဆံပင်ရဲ့ရဲ့လေးအား ပွတ်သပ်ကျီစယ်နေရင်းပြုံးနေမိ၏ စိတ်ထဲမပါပဲပြောလိုက်တဲ့စကားကြောင့် ဒီချစ်စရာအကောင်ပေါက်လေးက ဝိတ်ချမလို့တဲ့လေ စားပြီးတန်းအိပ်တာနဲ ဝိတ်ကကျနေအုံးတော့မှာပဲ

My Ex-boyfriend  My husband [ Ongoing ] Where stories live. Discover now