Part 2 [ Zaw ]

333 16 1
                                    


"ဒါက Hero ဝင်လာရမဲ့ အခန်းလား "

အသံလာရာ Bar၏အပေါက်ကို လှည့်ကြည့်မိတော့ လွန်း မျက်ဝန်းများပြူးကျယ်ကာသွားရသည်
ဟအမ်း တခုခုဖြစ်မှာက ခုမှစဖြစ်တော့မှာထင်တယ်
လက်နှစ်ဖက်ကို ဘောင်းဘီဘေးအိတ်ထဲထည့်ကာ စမတ်ကျကျလျှောက်လာသည် ခြေလမ်းတို့က ရူတ်ရူတ်သဲသဲဖြစ်နေသော လွန်းတို့ဆီသာဦးတည်လို့နေသည် မျက်နှာအနေထားကတော့ တင်းမာလို့နေသည် ဒီချိန် လွန်းတွေးမိသည်က ထွက်ပြေးသွားဖို့ပင် နှစ်တွေအကြာကြီးနေမှ ဒီလူဘာလို့ပြန်ပေါ်လာရသည်လည်း
တုန်ယင်လာသော နူတ်ခမ်းဖျားတို့ကနေ ရင်းနှီးပြီးသား နာမ်စားလေးတစ်ခုက အလိုအလျောက်ဖွင့်ဟလာခဲ့သည်

"တော်..ဝင် "

"မင်းမောင် ငါနာမည် တော်ဝင်မင်းမောင် "

တော်ဝင်က လွန်းကို မျက်ဝန်းသေတို့ဖြင့်ကြည့်သည် ပြီးလျှင် နူတ်ခမ်းတဖက်ကို လူပ်ရုံသာ တွန့်ချိုးပြလိုက်ရင်း

"တော်ဝင် လို့ခေါ်ဖို့ မင်းမှာအရည်ချင်းမရှိဘူး လွန်း စေ ရာ နောင်"

သူနာမည်ကို တစ်လုံးချင်းစီ အားထည့်ခေါ်လိုက်တာမို့ လွန်း မျက်ခုံးများပင် လူပ်သွားရသည်

"သူက ဘယ်သူလည်း ကိုလွန်း "

ရွှေရတီ က တော်ဝင်ကို မကြည်သလိုလေးကြည့်ကာ မဲ့ရွဲ့၍မေးသည် ဦးခန့်ထည်ဝါကလည်း လွန်း ၏ အဖြေကိုစောင့်နေသလိုလေးကြည့်သည်

"မသိဘူး "

"အဟက် တကယ်မသိတာလား ဒါဆို အစကနေပြန်သိအောင်လုပ်ရတော့မှာပဲ"

"တော်ဝင်မင်းမောင် ခင်ဗျာဘာတွေထပ်ပြီး.. ကျစ် တကယ့် အာရုံပဲ "

"မင်းမသိဘူးဆိုလို့လေ ပြီးတော့ "

တော်ဝင် က ဦးခန့်ထည်ဝါဖက်ထားသော လွန်း၏ပခုံးများကို သူ့အနားသို့ဆွဲယူကပ်လိုက်သည် လွန်း ရုန်းပေမဲ့ အားသန်လွန်းတဲ့ တော်ဝင်ကိုမယှဉ်နိုင်ပေ

"ကျုပ်အပိုင်ဖြစ်လာမဲ့ အရာမှန်သမျှ တခြားလူထိတာမကြိုက်ဘူး"

"နေပါအုန်းမောင်ရင် လွန်းစေရာ က မင်းကိုမသိဘူးလို့ပြောနေတယ်လေ"

My Ex-boyfriend  My husband [ Ongoing ] Where stories live. Discover now