Part 8

676 22 0
                                    

ဆိုင်ကယ်ကိုတောင်ယူဖို့သတိမရတဲ့ထိ တော်ဝင် အိမ်ထဲမှပြေးထွက်လာခဲ့သည် စိတ်တွေရူပ်ထွေးလို့ဘယ်ဆီပြေးထွက်ရမလည်းတောင်မသိ အဖွားဖြစ်သူကိုသာစိတ်ပူနေသည့်စိတ်တွေက ပိုမိုကြီးထွားလာခါ မျက်ရည်တို့ပြင်ရစ်ဝဲလာရသည် လမ်းကိုတောင်သေချာမမြင်ရတော့ထိပင်

" အား."

လမ်းဘေးရှိခဲတစ်လုံးအားအရှိန်ပြင်းပြင်းဖြင့်ကန်ထုတ်လိုက်လျှင် ဘေးရှိဖြတ်မောင်းလာသောကားတစ်စီးကိုထိမိရာမှ ထိုကားသည် ဂျစ့်ခနဲထိုးရပ်သွားတော့သည် ပြသာနာပဲဟုဆိုကာ လက်တို့ဖြင့်ဆံပင်များကိုထိုးဖွလိုက်သည် ကားထဲကလူထွက်လာသည်ကိုမြင်တော့ သူကဦးစွာကြိုတောင်းပန်မိသည်

" တောင်းပန်တယ်ဗျာ "

"လွန်းစေရာ "

ကားထဲမှထွက်လာသူက တခြားသူမဟုတ် ဦးခန့်ထည်ဝါ ပင်

"ဦးထည် "

ဦးခန့်ထည်ဝါ က လွန်းကိုတွေ့တော့အံသြသည့်ဟန်ဖြင့် မျက်လုံးတို့ဝိုင်းဆက်လာသည်

" ဘယ်လိုလုပ်ပြီးရောက်နေတာလည်း ဆိုင်ကယ်ကကော့ "

"ဦးထည် "

တော်ဝင်​ရှေ့တွင်မပြိုလဲပြချင်သောစိတ်တို့က ဦးခန့်ထည်ဝါကိုမြင်တော့ မြိုသိပ်မထားနိုင်တော့ချေ နူတ်ခမ်းတွေတုန်ယင်ကာ ငိုမဲ့မဲ့လေးဖြစ်နေသောလွန်းကြောင့် ဦးခန့်ထည်ဝါမှာမူ ဘာလုပ်ရမှန်းမသိ

"ဦးထည် ဟင့်..

" ဘာဖြစ်တာလည်း လွန်းစေရာ ကိုယ်ကိုပြော "

"ဖွားမေ လေ..ဖွားမေ

ဖွားမေကလွှဲ၍ဆက်မပြောလာသောကြောင့် ဦးခန့်ထည်ဝါတစ်ယောက်ပြာယာခက်ရတော့သည်

" ကျစ် ဘာဖြစ်တာလည်း ကိုယ်ကိုရင်ပူအောင်မလုပ်ပါနဲ့"

"ဖွားမေကိုသူတို့ခေါ်သွားကြပြီး "

" ဘယ်သူလည်း ဘယ်ကိုခေါ်သွားတာလည်း ကိုယ်သေချာနားလည်အောင်ရှင်းပြပေး "

ဆိုင်ကယ်ဆီသွားထည့်ရာကနေစပြီး တော်ဝင်အိမ်ရောက်ခဲ့သည်ထိ ငိုသံပြက်တောက်ပြက်တောက်ဖြင့်ရှင်းပြပေးနေသာ လွန်းကို မျက်လုံးတွေမှေးကျည်းကာကြည့်နေမိသည် တချိန်ထဲမှာမင် တော်ဝင်ကိုစိတ်တိုသောခံစားချက်တို့က ဦးခန့်ထည်ဝါရင်ထဲသို့ တဟုန်းထိုးတိုးဝင်လာခဲ့သည်

My Ex-boyfriend  My husband [ Ongoing ] Where stories live. Discover now