( +အခန်းတွေပါတာမို့ အဆင်ပြေမှသာဖတ်ပေးကြပါ )
အခန်းလော့ချထားတာတောင် စိတ်မအေးနိုင်ပေ အိပ်ယာပေါ်တွင်သာ ဟိုလှည့်လိုက်ဒီလှည့်လိုက်ဖြင့်သာရှိနေသည် အိပ်ယာဘေးချထားသော နာရီဆီအကြည့်ပို့မိတော့ မနက်နှစ်နာရီပင်ထိုးတော့မည် ထိုစဉ်
ဂျက်..
တံခါးလော့ကိုလှည့်ဖွင့်နေသံကြားတာမို့ အိပ်ယာပေါ်မှကုန်းထကာထိုင်လိုက်သည် တံခါးနားသို့ပြေးကာ လော့ကိုပြန်လည်စုပ်ကိုင်မိလျှင် တဖက်ကပို၍ဆွဲလှည့်လာသည် ခနကြာ တဘုန်းဘုန်းနဲ့ထုလာတာမို့ လွန်းမှာ တုန်တုန်ရီရီဖြင့်မေးလိုက်သည်
" ဘယ်သူလဲ "
တဖက်ကမဖြေပဲ တံခါးကိုသာဖွင့်ရန်ကြိုးစားနေပြန်သည် ထိုစဉ်ခေါင်းထဲဝင်လာသည်က ဒီလောက်တံခါးကိုဆူညံအောင်ထုရိုက်နေတာတောင် တော်ဝင်ကဘာမှမလုပ်ဘူးလား အိပ်များပျော်နေတာလား အိပ်ပျော်နေတယ်ဆိုရင်လည်းဒီလောက်ဆိုနိုးမှာသေချာသည် ဒါမှမဟုတ်..အလန့်တကြားပွင့်ဟလာသောနူတ်ခမ်းတို့ကို လက်ဖြင့်ဖိအုပ်လိုက်မိသည်
"သေသွားပြီးလား "
ကုတင်ဆီတဖန်ပြေးသွားလိုက်ရင်း အိပ်ယာပေါ်ကဖုန်းကိုယူကာ တော်ဝင်ဆီဖုန်းဆက်ဖို့ပြင်မိတော့ လင်းလာသောဖုန်းScreen ပေါ်က
အပြင်မှာအေးတယ် တံခါးဖွင့်ပေး ဆိုသော messagesက အထင်သားနေရာယူလို့ထားသည် ဒါဆို တံခါးဖွင့်နေတာ တော်ဝင်ပေါ့ တံခါးဖက်ကိုမျက်စောင်းထိုးလိုက်မိသည် အမြဲတမ်းလူ့ကိုအလန့်တကြားဖြစ်အောင်လုပ်တက်တဲ့ကောင်
ဂျလန့်
တံခါးဖွင့်ပေးလိုက်သည်နှင့် လွန်းပေါ်ကျလာသော တော်ဝင်၏ နောက်ကျောပြင်အား ချက်ချင်းပင်တွန်းထုတ်လိုက်သည်
"ဘာလို့ တံခါးကိုမှီပြီးနေနေတာလည်း "
လွန်းတွန်းထုတ်လိုက်လို့ပုံပျက်သွားသောအင်္ကျီကိုသေချာပြင်ကာ
" ခင်ဗျာကကော ဘာလို့မဖွင့်တာလည်း "
" မင်းမှန်းမသိလို့လေ လုပ်ကြံသူဆိုဘယ်လိုလုပ်မလည်း "
YOU ARE READING
My Ex-boyfriend My husband [ Ongoing ]
Fanfictionဒုတိယသိမ်းပိုက်ခြင်းက ခင်ဗျာကိုချစ်လွန်းလို့ပါ Warning❗: ⚠+ အတွေးသက်သက်သာရေးထားသော ဝတ္ထုမို့အပြင်လောကနှင့်ယှဥ်တွဲမမြင်ကြဖို့မေတ္တာရပ်ခံပါတယ်ရှင့် }