"တော်ဝင် "အိမ်ထဲသို့ဝင်လာသည်နှင့် အဖေဖြစ်သူ ဦးမာန်သစ်က ဆိုဖာပေါ်ထိုင်ကာ ကြိုဆိုနေသည်
"မအိပ်သေးဘူးလား "
"မင်းကိုစောင့်နေတာ "
တော်ဝင်က ဦးမာန်သစ်ရှေ့ရှိဆိုဖာတွင်ဝင်ထိုင်သည် USကပြန်လာသောသားကိုမတွေ့ရသေးတာမို့ ဦးမာန်သစ်မအိပ်ပဲစောင့်နေသည်
" ဘယ်ကပြန်လာတာလည်းတော်ဝင် ငါ ကုမ္ပဏီသွားသေးတယ် "
"ဒီတိုင်းပါ ကိစ္စလေးပေါ်လာလို့ "
" ကောင်လေးကိစ္စလား တော်ဝင် "
ဦးမာန်သစ် အမေးကို တော်ဝင်က နူတ်ခမ်းတွေတွန့်ကာပြလိုက်သည် သဘောပေါက်သောဦးမာန်သစ်က သက်ပြင်းအသာချလိုက်သည်
"အွန်း မင်းရဲ့အိမ်ထောင်ဖက်ကိစ္စကိုတော့ ငါဝင်မစွတ်ဖက်ပါဘူး ဒါမဲ တန်ရာ တန်ရာ ဆိုတဲ့စကားတော့သိတယ်မဟုတ်လား"
တော်ဝင်နဲ့မတူစွာ ဦးမာန်သစ်ကအတော်ကိုငွေဂုဏ်မောက်သူဖြစ်သည် တော်ဝင်ကိုGayမှန်းလက်ခံခဲ့ပေမဲ့ အဆင်တန်းခွဲခြားလွန်းတဲ့သူ့တွက် သားဖြစ်သူရဲ့ရည်းစားတွေကိုဘဝင်မကျ
"စိတ်မပူပါနဲ ဒယ်ဒီ ကျွန်တော်တွက်အိမ်ထောင်ဖက်မလိုသေးဘူး"
"ဒါဆိုလည်း ကောင်းတာပေါ့ "
ထိုင်နေရမှ ကားသော့ကိုယူကာပြန်ထွက်ရန်လုပ်သည်
"တော်ဝင် ဒါကဘယ်လည်း ခုမှအိမ်ရောက်တာကို"
"ကျွန်တော်အိမ်ပဲသွားအိပ်တော့မယ် ဒီလာတာက ဒယ်ဒီကိုမျက်နှာလာပြရုံပဲ "
"တော်ဝင်.. "
လက်ခါပြကာ ကားပေါ်သို့တက်သွားသည် မကြာပါဘူး ဝှီဆိုကာ တော်ဝင်၏ကားလေးမှာ အိမ်တော်ထဲကထွက်ခွာသွားခဲ့သည် စိတ်ရူပ်လို့အိမ်ပြန်လာကာမှ ပိုလို့ပင်ရူပ်ထွေးရသည် အိတ်ကပ်ထဲကဖုန်းကိုထုတ်ကာ နံပါတ်တစ်ခုဆီဦးတည်လိုက်သည် USမှာထဲက ဂျိတ်၏အကူညီဖြင့် ထိုဖုန်းနံပါတ်ကိုရခဲ့သည် သို့သော် တခါလေးမှပင်မဆက်သွယ်ဖြစ်ခဲ့ ဆက်သွယ်ဖို့အကြောင်းရင်းလည်းမလိုအပ်ခဲ့ဘူးလေ
YOU ARE READING
My Ex-boyfriend My husband [ Ongoing ]
Fanfictionဒုတိယသိမ်းပိုက်ခြင်းက ခင်ဗျာကိုချစ်လွန်းလို့ပါ Warning❗: ⚠+ အတွေးသက်သက်သာရေးထားသော ဝတ္ထုမို့အပြင်လောကနှင့်ယှဥ်တွဲမမြင်ကြဖို့မေတ္တာရပ်ခံပါတယ်ရှင့် }