‌"တောက်....လူယုတ်မာ"

ဖြန်း....

"ဟ...."

ငုဝါခိုင်တစ်ယောက် အသားပင်တဆက်ဆက်တုန်ကာဒေါသထွက်မိသည်။

ဘာလို့ သူနဲ့မှလဲ...

တော်တော်စိတ်ပျက်ဖို့ကောင်းလိုက်တာ။

သူမက သူ့ဂျာကင်ကို အုပ်ကိုင်ကာ ကားတံခါးနားတိုးကပ်ထိုင်၍ သူ့ကိုအံကြိတ်ကြည့်နေမိသည်။

သူကလည်း အပေါ်ပိုင်းဗလာဖြင့် ဂျင်းဘောင်းဘီရှည်သာဝတ်လို့ထားပြီး သူမရိုက်လိုက်သည့် ပါးတစ်ဖက်ကိုလျှာဖြင့်ထိုး၍ သူ့ပါးကိုသူပြန်ကိုင်ကြည့်နေ၏။

သူ့ကိုရိုက်လိုက်သည့် သူမလက်သည်လည်း အားပါသွား၍ ကြိမ်းလို့နေ၏။

"နင် တမင်သပ်သပ်လုပ်တာမလား ဟမ်..."

သူမ ဒေါသဖြင့် အော်မေးလိုက်ချိန် သူ့ကိုသူမကို ခပ်ပြုံးပြုံးကြည့်၍

"မတင်သပ်သပ်လုပ်တာပဲဖြစ်ဖြစ် မတော်တဆပဲဖြစ်ဖြစ် မင်းနဲ့ကိုယ် စည်းတစ်ခုကိုအတူတူကြူးလွန်ပြီးသွားပြီပဲ နောက်ပြီး ဒါကိုယ့်တစ်ယောက်တည်းရဲ့အမှားမဟုတ်တာကိုတော့ မင်းသေချာပြန်စဉ်းစားရင် သိမှာပေါ့ အဟက်"

"တောက်....ဘာပဲဖြစ်ဖြစ် ဒီကိစ္စကိုဒီမှာပဲ ထားလိုက်တော့ နောက်ဘယ်တော့မှငါ့ကိုလာမပတ်သက်နဲ့ "

"ရမလား....ဒီတိုင်း မေးလိုက်တာနဲ့ မင်းကိုယ်မင်းအပျိုပြန်ဖြစ်သွားမယ် ထင်နေတာလား ဟမ် ခိုင် မရဘူး မင်းငါနဲ့လက်ထပ်ရမယ်"

"ဟွင့် ဆု‌ေတာင‌်း‌ေလ ဒီခောတ်ကြီးမှာ အပျိုဖြစ်တာမဖြစ်တာက အဲ့လောက်မှအရေးမကြီးဘဲ ငါအတွက်ကတော့ ငါမလိုချင်တဲ့လူနဲ့ဘာအကြောင်းကြောင့် ဘာအတွက်ကြောင့်မှလက်ထပ်မှာမဟုတ်ဘူး အဲ့တော့ နင်လည်း မေ့လိုက်တော့"

သူမက ပုခုံးကိုပင့်ကာ ခပ်ပေါ့ပေါ့ပြောနေရာ သူအံကိုတင်းခနဲကြိတ်၍ သူမပုခုံးနှစ်ဖက်ကို ဖိညှစ်ဆုပ်ကိုင်ပြီး သူမမျက်နှာနှင့် သူ့မျက်နှာကို ထိလုမတက် ကပ်လိုက်သည်။

"နင် ဘာလုပ်တာလဲ... သူရနေဝန်း ငါ့ကိုလွှတ်နော်"

"ခိုင် မင်းစကားကိုလွယ်လွယ်မပြောနဲ့ ငါ့နဲ့လက်မထပ်လို့မရဘူးနော် အေ...တကယ်လို့ မင်းဆက်ငြင်းနေမယ်ဆို ငါ့မှာ မင်းနဲ့ငါရဲ့ဗီဒီယိုဖိုင်ရှိတယ် ငါ အဲ့ဒါကိုဖြန့်ပစ်မှာ"

ဆံမြိတ်ချ လှပါပေ့.....Where stories live. Discover now