Chapter 2.2

376 82 31
                                    

🍀 Immortal Plant : Chapter 2.2
*******************************

ကူးရန်၏ဖခင်အရင်းမှာ လက်ရှိမင်းဆက်၏ အိမ်ရှေ့မင်းသားဖြစ်သည်။ ငယ်စဉ်ကပင် အိမ်ရှေ့စံမင်းသားအဖြစ် ခန့်အပ်ခံရပြီး ကွယ်လွန်သူနှေင်းဧကရာဇ်မင်းမြတ်၏ချစ်ခင်ခြင်းကိုခံရသည်။

ကူးရန် တစ်နှစ်သားအရွယ်တွင် ချန်အန်းမြို့၌ ပလိပ်ရောဂါဖြစ်ပွားခဲ့သည်။ ကပ်ရောဂါသည် လျင်မြန်စွာပျံ့နှံ့ သွားပြီး အိမ်ရှေ့မင်းသားသည်လည်း ပလိပ်ရောဂါဖြင့်အသက်ဆုံးရှုံးခဲ့ရသည်။ အိမ်ရှေ့မင်းသားကွယ်လွန်ပြီး နောက်၊ ကူးရန်အား နှောင်းဧကရာဇ်မင်းမြတ်မှပျိုးထောင်ခဲ့ပြီး ကူးရန်အား အိမ်ရှေ့စံမင်းသားရာထူးကိုအမွေ ဆက်ခံခိုင်းရန်ကြံရွယ်ခဲ့သည်။

သို့သော် နှောင်းဧကရာဇ်သည် သားတော်ဆုံးရှုံးခြင်းဝေဒနာမှလွတ်မြောက်နိုင်ခြင်းမရှိခဲ့ပေ။ နှစ်အတော်ကြာ အောင်မနေနိုင်လိုက်ဘဲ သိပ်မကြာခင်မှာပင်ကံကုန်တော်မူခဲ့လေသည်။

အသက်ဆယ်နှစ်မျှသာရှိသေးသော ကူးရန်သည် နန်းမတက်နိုင်ခဲ့ချေ။ ထို့ကြောင့် နှောင်းဧကရာဇ်မင်းမြတ် ကွယ်လွန်ချိန်တွင် သူသည် အိမ်ရှေ့စံမင်းသားရာထူးအား ဘုရင်မင်းမြတ်၏ဒုတိယသားတော်ဖြစ်သော လက်ရှိ ဧကရာဇ်ကျင်းဟယ်ထံသို့သာလွှဲပြောင်းပေးအပ်နိုင်ခဲ့သည်။

နှောင်းဧကရာဇ်သည် လွန်လွန်ကဲကဲသောအမိန့်ကိုချန်ထားရစ်ခဲ့ကာ ကူးရန်အား မင်းသားလွေ့ဟူသော ဘွဲ့ အမည်နာမပေးအပ်ခဲ့သည်။ ကူးရန်အရွယ်ရောက်ပြီးချိန်၌လည်း ဘုရင်ခံအဖြစ်အဝေးသို့စေလွှတ်ရန်မလိုအပ် ဘဲမြို့တော်၌သာနေစေပြီး သက်တောင့်သက်သာမင်းသားလေးဘဝဖြင့် နေထိုင်ရန်လည်းအမိန့်ပေးခဲ့သည်။

အိမ်ရှေ့စံကြင်ယာတော်ဟောင်းသည် လက်ရှိမဟာမင်းသမီးကြီးလွေ့ဖြစ်လာခဲ့သည်။

ကူးရန်၏အကြည့်သည် စိမ်းစိုနေသောအပင်လေး၏ အရွက်ပေါ်တွင် အချိန်အတော်ကြာအောင်စိုက်ကြည့်နေ ခဲ့ပြီး "ကောင်းပြီ" ဟု ညင်သာစွာပြန်ဖြေလိုက်သည်။

ကူးရန်သည် အခန်းတွင်းရှိအိုးကွဲသံကိုကြားလိုက်ရပြီးနောက် မဟာမင်းသမီးလွေ့၏ ခြံဝင်းထဲသို့ ဝင်ရောက် လာခဲ့သည်။ သူ့ခြေလှမ်းရပ်တန့်သွားပြီး အခန်းထဲမှလွှင့်ပစ်ခံလိုက်ရသည့် ပန်းအိုးသည် သူ့ခြေထောက်ဘေး၌ ကွဲအက်သွားခဲ့သည်။

Dostali jste se na konec publikovaných kapitol.

⏰ Poslední aktualizace: May 08 ⏰

Přidej si tento příběh do své knihovny, abys byl/a informován/a o nových kapitolách!

အရှင် အရှင်ရဲ့ အင်မော်တယ်အပင်လေး ထပ်ပြီးထွက်ပြေးသွားပြန်ပြီKde žijí příběhy. Začni objevovat