Chapter 1.2

464 117 2
                                    

☘️ Immortal Plant : Chapter 1.2

ယခု ၎င်းသည် မည်သည့်နေရာမှ မှင်စာလေးနှင့် လက်ထပ်ရန်အလို့ငှာ၊ သူသည် သူ၏ဧကရာဇ်ဦး ရီးတော်နှင့် ဆန့်ကျင်ဘက်ပြုတော့မည်ဖြစ် သည်။ ဤလူသည် အဘယ်ကြောင့်ကောင်းကင် ဘုံသို့ တိုက်ရိုက်မတက်သွားရသနည်း။

"သစ်ရွက်လေး မင်း ဘာတွေတွေးနေတာလဲ"

မီးခိုးရောင်စာငှက်ငယ်လေး၏အသံသည် ရီကျစ်အား သူ့မှတ်ဉာဏ်ဟောင်းများဆီသို့ခေါ်ဆောင် သွားခဲ့သည်။

"မင်းသားလေးလက်ထပ်တော့မယ်ဆိုတာ မင်းသိတော့ မင်း မပျော်ဘူးလား ?"

ရီကျစ်သည် သူ့သဘောထားကိုပြရန် သူ့အားမျက် လုံးပြူးကြည့်သော်လည်း ပန်းဖူးလေးသည်လှုပ် လှုပ်ရွရွဖြစ်နေခဲ့သည်။ ဒီလို ခက်ခဲတဲ့လုပ်ရပ်ကို သူ မလုပ်နိုင်ခဲ့ပါ။

သူသည် တုန်ခါနေသော ပန်းဖူးလေးအားတိတ်တ ဆိတ်ဆုတ်ခွာလိုက်ပြီး “သူ အိမ်ထောင်မပြုတော့ကော ငါ့အတွက် ဘာ‌ကောင်းတာရှိလို့လဲ ?” ဟု အေးစက်သောလေသံဖြင့်ပြန်ဖြေလိုက်သည်။

မီးခိုးရောင်စာငှက်ကလေးသည် ကမ္ဘာအနှံ့အပြားတွင်မြင်တွေ့ခဲ့ရသည့်ပုံစံဖြင့် သူ့ပတ်ဝန်းကျင်တွင် ခုန်ပေါက်သွားသည် -

"ငါ အပြင်ကလာတော့ မင်းသားလေးလက်ထပ်တော့မှာမို့လို့ မြို့ထဲကမိန်းကလေးတော်တော်များများဝမ်းနည်းနေကြတယ်။"

ရီကျစ်သည် စိမ်းစိုသောအပင်လေးဖြစ်လာသော ကြောင့်၊ သူသည် အပင်များ၊တိရိစ္ဆာန်များနှင့် ဆက်သွယ်နိုင်သော်လည်း အပင်ျားနှင့်တိရိစ္ဆာန်များ၏ ဝိညာဉ်ရေးရာအသိဉာဏ်သည် မဖွံ့ဖြိုးသေးသော ကြောင့် ၎င်းတို့နှင့် ရိုးရိုးရှင်းရှင်းသာဆက်သွယ်မပြောဆိုနိုင်ရုံမျှမက ၎င်းတို့နှင့်စကားမပြောနိုင်ပေ။ ဟောဒီ မီးခိုးရောင်စာငှက်ကလေးကသာ သူနှင့်တိုက်ရိုက်စကားပြောနိုင်တဲ့ ပထမဆုံးတိရစ္ဆာန်ငယ်လေးဖြစ်ကာ သူ၏တစ်ဦးတည်းသော သူငယ်ချင်း‌ ဖြစ်သည်။

ရီကျစ်သည်များသောအားဖြင့် မင်းသားအိမ်တော် မှ မထွက်ခွာနိုင်သောကြောင့် ပြင်ပသတင်းများသိနိုင်ရန် ၎င်းကိုသာအားကိုးနေရသည်။

အရှင် အရှင်ရဲ့ အင်မော်တယ်အပင်လေး ထပ်ပြီးထွက်ပြေးသွားပြန်ပြီWhere stories live. Discover now