Chapter 1.1

718 111 7
                                    

☘️ Immortal Plant
☘️ Chapter 1.1

နံနက်စောစော၌ သေးငယ်သည့်မီးခိုးရောင်ငှက် ကလေးတစ်ကောင်သည် အဝေးမှပျံသန်းလာပြီးပြတင်းပေါက်ဘောင်ပေါ်ဆင်းသက်လာခဲ့သည်။

ပြတင်းပေါက်ပေါ်တွင် အစိမ်းရောင်အပင်လေးတစ်ပင်သည် အိုးတစ်လုံးထဲတွင်ငြိမ်သက်စွာအိပ်စက်နေလေသည်။

အစိမ်းရောင်အပင်သည်စိမ်းစိုတောက်ပနေပြီး ၎င်း ၏နုနယ်သော အစိမ်းရောင်အရွက်များ၏ထိပ်ဖျားများသည်ကြည်လင်ပြတ်သားလျက်သည်။ ၎င်းတို့ သည် ပင်စည်မှဆန့်ထွက်ကာ လေထဲတွင်အနည်း ငယ်ငြိမ့်ညောင်းစွာလှုပ်ယမ်းသွားကြသည်။ ပန်းဖူးသေးသေးလေးသည် စိမ်းစိုသောအပင်၏ထိပ်တွင်ပန်းပွင့်လေးတစ်ပွင့်ကဲ့သို့ သေးသွယ်သောအရွက်များအောက်၀ယ် ရှက်ကိုးရှက်ကန်းပုန်းအောင်းနေသကဲ့သို့ ပျင်းရိမှုအားအရိပ်အမြွက်လှစ်ဟလျက်ရှိသည်။

မီးခိုးရောင်စာငှက်ကလေးသည် ပန်းအိုးအစွန်းသို့ခုန်တက်သွားသည်။ ခြံအပြင်ဘက်ရှိလူများထံမှ အသံရုတ်တရက်ထွက်ပေါ်လာသဖြင့် ၎င်း၏သေးငယ်သောနှုတ်သီးသည် အစိမ်းရောင်ပျိုးပင်၏ အရွက်များကိုထိတော့မည်ဖြစ်သည်။

မီးခိုးရောင်စာငှက်ကလေးသည် လန့်ဖျပ်သွားပြီး အခန်း၏တံစက်မြိတ်ဆီသို့ အတောင်များဖြန့်ကာပျံသန်းသွားသည်။

အစေခံမိန်းကလေးနှစ်ယောက်အနက် တစ်ယောက်မှာအရပ်ရှည်ပြီး ကျန်တစ်ယောက်သည်အရပ်ပုသည်။ နှစ်ယောက်သား ခြံဝင်းထဲလမ်းလျှောက်လာရင်း တိုးတိုးလေးအတင်းတုတ်‌နေကြသည်။

“ပြောစမ်းပါဦး၊ ငါတို့မင်းသားလေးက ဘာတွေဖြစ်နေရတာလဲ ? သူက အမည်မသိနောက်ခံရှိတဲ့သူနဲ့ လက်ထပ်ချင်နေတာ၊ ကြည့်လေ မင်းသမီးဘယ် လောက်တောင် စိတ်ဆိုးနေလိုက်သလဲ ?"

“မသိပါဘူးဟယ်၊ ယောက်ျားလေးလို့ကြားတယ်၊ သူ ဘယ်လိုပုံစံလဲဆိုတာ ဘယ်သူမှမသိကြဘူး၊ ဒါပေမယ့် မင်းသားလေးကိုတောင်မှ အုတ်အော် သောင်းနင်းဖြစ်ပြီး ဆန့်ကျင်ရတဲ့အထိဆိုမှတော့ ထိပ်တန်းအဆင့်အလှလေးပဲဖြစ်ရမယ်။”

အရှင် အရှင်ရဲ့ အင်မော်တယ်အပင်လေး ထပ်ပြီးထွက်ပြေးသွားပြန်ပြီजहाँ कहानियाँ रहती हैं। अभी खोजें