Chapter 2.1

298 81 22
                                    

Immortal Plant : Chapter 2.1
***************************

ရီကျစ်သည် အလွန်ကြောက်သွားသဖြင့် သူ့ကိုယ်သူ လူမှန်းမသိ အပင်မှန်းမသိပင်ဖြစ်သွားခဲ့သည်။ လက်ဖဝါး ထဲဆုပ်ကိုင်ခံထားရသည်ကို မခံစားမိသေးဘဲ သူ၏သွယ်လျသောပင်စည်များသည် ကူးရန်၏လက်ချောင်းများ ကြားတွင်တွယ်ကပ်နေသည်။ တုန်တုန်ယင်ယင်ဖြင့် သူ့အင်္ကျီလက်ထဲဆီသို့ဦးတည်ကာ သူ့ကိုယ်သူလုံးလုံး လျားလျားနစ်မြုပ်သွားလိုက်နေသည်။

ကူးရန်က ခေါင်းငုံ့ပြီး သူ့လက်ထဲရှိအစိမ်းရောင်အပင်လေးကိုတိတ်တဆိတ်စိုက်ကြည့်နေရင်း သူ့မျက်လုံးထဲရှိ အံ့သြသင့်မှုများပျောက်ကွယ်သွားသည်။ ငုံ့ကြည့်နေသောမျက်လုံးများထဲတွင် သူ့ ခံစားချက်များအားလုံးကို ဖုံးကွယ်ထားပြီးဖြစ်ရာ ဘာမှမမြင်နိုင်ပေ။

ကူးရန်၏နောက်၌ အရိပ်အစောင့်ကြပ်အနည်း ငယ်အမြဲရှိနေခဲ့သည်။ မင်းသားဆီသို့ ပျံသန်းနေသည် ကိုတွေ့လိုက်ရသဖြင့် ဓားများကိုအနည်းငယ်ထုတ်ပြီး ထိုအရာအားခုတ်ဖြတ်ရန် ရှေ့သို့ပြေးသွားလုနီးပါးပင်။

ရှေ့သို့ပျံသန်းသွားသည်ကို ရှင်းရှင်းလင်းလင်းမြင်လိုက်ရသည့်အခိုက် ပုန်းလျှိုးကွယ်လျှိုးရှိနေသည့် အရိပ် အစောင့်ကြပ်များသည် တစ်ယောက်ကိုတစ်ယောက်ကြည့်ရုံမှတစ်ပါး ကူညီနိုင်ကြပေ။

ဒါ သူတို့မင်းသားအခန်းထဲက အင်မော်တယ်အပင်လေးမဟုတ်ဘူးလား ?

သူက ဘာကြောင့် ဒီကိုရောက်နေရတာလဲ ?

ကူးရန်ပတ်၀န်းကျင်ရှိ အစေခံအနည်းစုသည်လည်း ထိတ်လန့်သွားပြီး ထိုအကြောင်းကိုစဉ်းစားရန် အချိန်မ ရသေးမီ ကူးရန်ရှေ့ဒူးထောက်ထိုင်လိုက်ကြသည်။ သူတို့အံ့ဩနေကြစဉ် နံရံနားမှ ကြောင်အော်သံကိုကြား လိုက်ရသည်။ ထိုလိမ္မော်ရောင်ကြောင်ဖက်တီးသည် ခြံဝင်းနံရံနားကပ်ကာပြင်းပြင်းထန်ထန်အော်နေခဲ့သည်။ ကူးရန်လက်ထဲရှိ အစိမ်းရောင်သစ်ပင်လေးအားကြည့်ကာ အလွန်တွန့်ဆုတ်တွန့်ဆုတ်နှင့်နောက်မဆုပ်ချင် သေးပေ။

…… သနားစရာပါလား၊ ဘယ်လိုဖြစ်လို့ ဒီဘိုးဘေးပဲ ထပ်ဖြစ်နေရတာလဲ။ !

အရှင် အရှင်ရဲ့ အင်မော်တယ်အပင်လေး ထပ်ပြီးထွက်ပြေးသွားပြန်ပြီWhere stories live. Discover now