Chapter 1.3

551 87 20
                                    

‌Immortal Plant : Chapter 1.3

မင်းသားအိမ်တော်သို့ ပထမဆုံးရောက်လာသော အခါတွင် သူ့သက်တောင့်သက်သာမဖြစ်နိုင်တော့ပေ။ နောက်ပိုင်းတွင် ကူးယန်သည် သူ့အ‌ပေါ်အရမ်းအနီးကပ်စောင့်ကြည့်နေပြီး သူ့၏ လျှို့ဝှက်အစောင့် အကြပ်များကပင် နေ့ရောညပါအလုပ်ဆင်းနေကြ သဖြင့် ရီကျစ်လွတ်မြောက်ချင်ရင်တောင်မှ လွတ် မြောက်ဖို့ရာအခွင့်အရေးရှိမနေခဲ့ချေ။

ဒါပေမယ့် ဒီနေ့က မတူဘူး

ကူးရန် နန်းတော်ထဲဝင်ဖို့ကရှားရှားပါးပါးဖြစ်ပြီး ခဏကြာပြန်မလာနိုင်တာသဖြင့် ဒီအချိန်သည် သူ့အတွက် အဆိုးဆုံးအခြေအနေကနေလွတ်မြောက်ဖို့ အကောင်းဆုံးအချိန်ပင်မဟုတ်ပါလား ??

ငါ့ကို နေ့တိုင်းညှဉ်းဆဲဖို့ မင်းကို ဘယ်သူပြောလဲ။ ငါ အိမ်ကထွက်ပြီး မင်းကို သေတဲ့အထိဒေါသထွက်ပစ်မယ်။

ရီကျစ်သည် အိမ်မှထွက်ခွာရန် အစီအစဉ်ကိုရေးဆွဲရာတွင် သုံးစက္ကန့်အောက်သာအချိန်ယူခဲ့ရသည်။

သူသည် ခြေထောက်နှင့်တူသော မြက်ပင်ငယ်နှစ်ချောင်းကို ဝှေ့ယမ်းကာ ခြံအပြင်ဘက်သို့အပြေးထွက်လာခဲ့သည်။ ဤနှစ်များထဲ သူသည် မင်းသား လွေ့အိမ်တော်၏အစီအစဉ်များအား ကောင်းစွာသိ ရှိထားပြီး ဆော့ကစားရန်အပြင်ထွက်တိုင်း ပန်းအိုးအားချန်ထားနေကြဖြစ်သည်။

ရီကျစ်သည် မင်းသား၏အိမ်တော်ရှိ အစေခံများနှင့် အစောင့်များကို အလွယ်တကူရှောင်လွှဲကာ မကြာမီ ခြံရှေ့သို့ရောက်ရှိလာသည်။

သူသည် နံရံအောက်ရှိပန်းကုတင်ပေါ်တွင် ထိုင်ချလိုက်ပြီး သူ့အရွက်များကို မသိစိတ်မှကောက်ကွေးနေမိသည်။ သိသာထင်ရှားစွာပင် တင်းမာမှုအချို့ရှိ နေခဲ့သည်။

ယခု သူ့နှင့် မဝေးသောနေရာသည် မင်းသားအိမ်တော်၏တံခါးဖြစ်သည်။ ထိုတံခါးများကိုကျော်လွန်ပါက သူ၏လွတ်လပ်မှုအား ရရှိပေလိမ့်မည်။ သို့ သော် သူ့အတွက် ရိုးရှင်းလွန်းလှသည်တော့မဟုတ်ပေ။

ခြံရှေ့ရှိ ကြောင်လေးတစ်ကောင်ကြောင့်...

လွန်ခဲ့သည့်နှစ်အနည်းငယ်ခန့်က ရီကျစ်သည် သူ၏ ကိုယ်ခန္ဓာအသစ်အား ထိန်းချုပ်ရန်ကြိုးစားခဲ့ပြီး ပန်းအိုးအားပထမဆုံးအကြိမ်စွန့်လွှတ်ခဲ့သည်။ သူသည် စူးစမ်းလိုစိတ်ဖြင့် မင်းသားအိမ်တော်တဝိုက်အားလှည့်လည်ကြည့်ရှုခဲ့ပြီး မင်းသားအိမ်တော်မှ ပြေးထွက်ရန်ပင်ပြင်ဆင်နေခဲ့သည်။ သို့သော် ဆယ်ကိုက်ကျော်ခန့်ပြေးလွှားပြီးနောက်အမွှေးများပြောင် လုနီးပါးဖြစ်နေသော မိုက်မဲသည့်ကြောင်တစ်ကောင်အားတွေ့ရှိရလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

အရှင် အရှင်ရဲ့ အင်မော်တယ်အပင်လေး ထပ်ပြီးထွက်ပြေးသွားပြန်ပြီWhere stories live. Discover now