"ကိုကို..."
"ရွှန်းနဒီ"
"ရှင် ကိုကိုပြောလေ။ ဘယ်လိုဖြစ်ရတာလဲကိုကိုရယ်။ရွှန်း ဖြင့်သတင်းကြားကြားချင်းလန့်လိုက်တာ"
"ကိုယ် အားလုံးကိုမှတ်မိပြီ။"
"ရှင်"
"ဟုတ်တယ်။မင်းရော အမေရောငါ့အေပါ်လိမ်ခဲ့တာတွေကို"
"အဲ့လိုမဟုတ်..."
"မင်းနဲ့ပြောချိန်မရှိဘူး။ငါ့ကိုစောင့်နေတဲ့သူဆီ ငါသွားရမယ်"
"ကိုကို ရွှန်းကိုမထားခဲ့ပါနဲ့။ကိုကိုမရှိရင်မနေနိုင်ဘူး။"
"မင်းတို့ကိုတကယ်စိတ်ပျက်သွားပြီ။"
ရွှန်းနဒီကိုမည်သည့်စကားမှမဆိုဖြစ်။ချက်ချင်းဆင်းလို့ရမဲ့ flight ကိုစုံစမ်းသည်။လိုအပ်တာတွေပြင်ဆင်သည်။သူ့ရဲ့ရုန်း သူ့ကိုစောင့်နေမှာ။ဘယ်လောက်တောင်ကြာနေပြီလဲ။နှစ်နဲ့ချီပြီ။
မောင်မကောင်းခဲ့တာ။ရုန်း မောင်လာနေပြီနော်။
ထိုနေ့ပင်ချက်ချင်းဆင်းခဲ့ပြီး အိမ်ကိုတန်းမပြန်ပါ။ပိုင်လေးကိုအရင်ဆက်သွယ်သည်။
"ပိုင်လေး ငါဒီမှာ"
လူများအကြားလက်လှမ်းပြလာသော သူငယ်ချင်းဖြစ်သူကို လက်ချင်းရိုက်ပြီးနှုတ်ဆက်ကာပခုံးချင်းဖက်လိုက်သည်။
"ဘယ်လိုဖြစ်လို့"
"ငါ မှတ်မိပြီ။ငါ အခုသူ့ဆီသွားရမယ်"
"သွားရမှာပေါ့။တကယ်ဆို မင်းသွားသင့်တာလွန်ခဲ့တဲ့ ၈လကတည်းကကွ"
ပြောရင်းပိုင်လေးအသံမှတိုးဝင်သွားသောကြောင့် ဇေယျာမျက်မှောင်ကုတ်လိုက်သည်။
"လာ အကြောင်းစုံကို ကားပေါ်ရောက်မှပြောပြမယ်"
ဇေယျာ ခရီးပမ်းတာတောင်မနားဘဲ တစ်ချိန်ကသူ့ရဲ့အချစ်မွေးဖွားရာ ဇွန်ရုံပင် ရွာလေးဆီလာခဲ့သည်။သူ ရင်တွေအရမ်းခုန်နေသည်။ရုန်း ကိုတွေ့ရမည်။ကားပေါ်တစ်လျှောက် ပိုင်လေးပြောပြလာသောစကားတွေအရ တကယ်ပင် ရုန်းက ယောက်ျားလေးတစ်ဉီးဖြစ်နေခဲ့သည်။
YOU ARE READING
အချစ်ဉီးမို့ ရူးရသည်
Romance"ဟော..ကြားလိုက်လား" "ဘာသံလဲ" "မောင့်ရင်ခုန်သံ" "ဇေယျာခိုက်မောင်!"