လပြည့်နေ့အတွက်ချက်မည့်ပြုတ်မည့်အရာများပြင်ဆင်ပြီးနောက်အိမ်ပြန်ဖို့ပြင်ကြသည်။အမေကလူကြီးမလို့ ညည့်နက်တဲ့အထိမနေပေ။ညနေစောင်းထဲကဒေါ်လေးက ကိုမင်းဇော်ကိုပြန်ပို့ခိုင်းသည်။ထို့ကြောင့် ကျွန်တော်နှင့်အိဖြူသာ ဒေါ်လေးတို့အိမ်ကျန်နေခဲ့ခြင်းပေ။
"ညည့်လဲနက်နေပြီ..ဒီနေ့ ဒေါ်လေးကိုကူညီပေးတဲ့အတွက်ဒေါ်လေးကကျေးဇူးတင်ပါတယ်နော်"
"အာ မလိုတာ။ဒါဆို ကျုပ်တို့သွားပြီဗျို့"
ကာလသားတစ်ချို့နှင့်ကာလသမီးတစ်ချို့မှာ ရွာမြောက်ပိုင်းကဖြစ်သဖြင့်အတူတူပြန်ကြလေသည်။ရွာတောင်ပိုင်းကိုပြန်မည့်ကာလသားတစ်ချို့မှာ
"ရုန်း နဲ့အိဖြူ...နင်တို့ငါနဲ့လိုက်မလား"
"အင်း လမ်းကြုံနေတာ..."
"မလိုက်ရပါဘူး"
လိုက်မည်ဟုပြောမည့်ကျွန်တော့်စကားများမှာလမ်းတစ်ဝက်တွင်ရပ်ကျသွားသည်။ဘာကြောင့်လဲဆို ကျွန်တော်ရှေ့ကို ကျောပေး၍လာပိတ်ရပ်ကာအငြင်းစကားဆိုလာသောကောင်လေးကြောင့်ပင်။
"ခင်ဗျားတို့ပဲ ပြန်ကြပါ။ရုန်းတို့ကိုကျွန်တော်ပဲပြန်ပို့ပေးမယ်"
"ဒါဆိုလဲသဘော"
ကာလသားတစ်ချို့ ခြံအပြင်ကိုရောက်မှ ဇေယျာခိုက်မောင် ရုန်းမျက်နှာလေးအားလှည့်ကြည့်လိုက်သည်။
"လမ်းကြုံနေတာပဲကို"
"မောင်က စိတ်မချဘူး"
"ငါ ကလေးမဟုတ်ဘူးနော်"
"အဟင်း ထားပါကလေးမဟုတ်ဘူး။မောင့် လူကြီးလေး..လာသွားမယ်"
လက်ကိုလာဆွဲလာသူကို ခပ်ဆတ်ဆတ်လေးရိုက်ချလိုက်သည်။
"အာ့ နာတယ်ခင်ဗျားရဲ့"
"ဘာလို့လာဆွဲလဲ"
"ပိုင်ရာဆိုင်ရာလေးကိုဆွဲတာလေ...ဘာအမှားပါလို့တုန်း"
"ဘယ်သူကပိုင်ရာဆိုင်ရာလဲ...မင်းနော်စကားပြောဆင်ခြင်"
"ဟောဗျာ...မနက်ဖြန်ပဲရည်းစားတွေဖြစ်တော့မဲ့ဟာကို"
![](https://img.wattpad.com/cover/347342820-288-k311470.jpg)
YOU ARE READING
အချစ်ဉီးမို့ ရူးရသည်
Romance"ဟော..ကြားလိုက်လား" "ဘာသံလဲ" "မောင့်ရင်ခုန်သံ" "ဇေယျာခိုက်မောင်!"