3။

4.9K 315 29
                                    

ကျွီ.....

"အားလားလား ခါးနာလိုက်တာ"

"မင်းကလဲ ငြီးငြူနေတာပဲ"

"ဟော ရောက်လာကြပြီ။လာလာ အပြင်မှာနေပူတယ်"

ဖခမည်းတော်ရဲ့ကောင်းမှုကြောင့် ဇေယျာခိုက်မောင်အပါအဝင် ဟိန်းထက်ပိုင်လဲ "ဇွန်ရုံပင်"ရွာကိုရောက်ရှိလို့လာလေပြီ။တစ်လမ်းလုံးကားစီးလာပြီး ယခုဉီးလေးအိမ်မှအကြိုလွှတ်လိုက်သောဆိုင်ကယ်နှစ်စီးနှင့်ကြွရောက်လာခြင်း။

ပွဲရုံကပိတ်သည်ဆိုသောကြောင့် ပွဲရုံမဝင်ဘဲဉီးလေးအိမ်သို့တန်းလာခဲ့လိုက်သည်။ရွာ၏မျက်နှာဖုံးဆိုသည့်တိုင် အနေအထိုင်မှာအထက်တန်းကျလှပေသည်။မြေစိုက်တိုက်အိမ်ဖြစ်ပြီး အိမ်အနောက်ဘက်တွင်တော့ပဲ၊ဆန် စသည်တို့ကိုသိုလှောင်ထားသော ဂိုထောင်ရှိသည်။

လွယ်ထားသောကျောပိုးအိတ်ကိုပခုံးတစ်ဖက်ထဲသို့ပြောင်းလွယ်ပြီး ဆိုင်ကယ်ဉီးထုပ်ကိုမိမိရှေ့ရှိကျက်သတုံးအား ပေးလိုက်သည်။"မင်းဇော်"ဆိုသူမှာ ဇေယျာခိုက်မောင်နှင့်လုံးလုံးမှမတည့်။ဇေယျာခိုက်မောင်၏ဉီးလေးမှာပထမဇနီးနှင့်ကံတရား၏စေရာအတိုင်း လမ်းတစ်ဝက်ထိသာဖူးစာဆုံခဲ့ရသည်။

ပထမဇနီးဆုံးပြီးမှသာ ယခုဒုတိယဇနီးဖြစ်သူဒေါ်မူယာခင်နှင့်အကြောင်းပါလာခြင်း။အကြောင်းတင်မဟုတ် သူမ၏သား မင်းဇော်ပါ ပါလာခြင်း။ဒေါ်မူယာခင်မှာ ယောက်ျားဖြစ်သူအပါအဝင်ခင်ပွန်းနှင့်ပတ်သတ်သူများနှင့်တည့်အောင်ပေါင်းသင်းဆက်ဆံတတ်သည်။အမျိုးမတော်သည့် ဇေယျာခိုက်မောင်ကိုပင် သားအရင်းလိုချစ်ရှာသည်။

"ဇေယျာခိုက်မောင်"

"ဘာလဲ!"

"ဘာလို့လာတာလဲ"

"လာချင်လို့လာတာ"

"မင်းလိုကောင်က..."

"အဲ့တော့ဘာဖြစ်လဲ..လျှာမရှည်နဲ့။ခရီးပန်းရတဲ့ကြားထဲ နားငြီးတယ်။"

ကားစီးလို့မူးနေရတဲ့အပြင် ဆိုင်ကယ်ပါစီးလာရသေး။ဒီကြားထဲကြည့်မရတဲ့အကောင်ကရှည်နေသေးတော့ ဇေယျာခိုက်မောင်တို့ညစ်ပြီလေ။ဟိန်းထက်ပိုင်ကိုခေါ်၍ တိုက်ထဲသို့ဝင်ခဲ့လိုက်သည်။

အချစ်ဉီးမို့ ရူးရသည်Where stories live. Discover now