5။

4.2K 269 32
                                    

"အံမယ် ပြင်ထား၊ဆင်ထားလို့ပါလား။ ဘယ်သွားကြမလို့လဲ"

"ဒီလိုပါပဲဗျာ..."

"မှန်းစမ်း...သဘောကျနေတဲ့သူတွေဘာတွေများ တွေ့နေပြီလား။ဘယ်သူနဲ့များငြိစွန်းနေတာတုန်း"

"အာ...ဒေါ်လေးကလဲမဟုတ်ပါဘူး"

ဇေယျာခိုက်မောင် ရှက်သွားသဖြင့်ဂုတ်ပိုးအားလက်ဖြင့်ပွတ်နေလိုက်သည်။ကျန်လက်တစ်ဖက်ထဲတွင်တော့ ဇီဇဝါပန်းလေးကနေရာယူထားလျက်။

"မဟုတ်တာသာပြောတယ်။လက်ထဲကပန်းက ဘယ်သူ့အတွက်လဲ"

"ဒါက သူကြီးကတော်အတွက်"

"အလိုလေး...မမြကြည်က ဇီဇဝါပန်းကြိုက်တယ်လို့မကြားဘူးပေါင်။ဖြစ်နိုင်တာသာပြောစမ်းပါ ငါ့တူရယ်...တစ်ရွာလုံးပတ်မေးတောင် ဒီပန်းကြိုက်တဲ့သူကတစ်ယောက်ထဲပဲရှိတယ်လို့ဖြေလိမ့်မယ်"

"ဒေါ်လေးကလဲ ဗျာ..."

"ဟဲ့ ဟဲ့ဖြေးဖြေးသွားအုံး။ပုဆိုးစတက်နင်းပြီး ပစ်လဲအုံးမယ်"

ရှက်ရမ်းရမ်းပြီး ဟိန်းထက်ပိုင်အားဂုတ်ကနေဆွဲမကာခေါ်သွားသူအား လှမ်းစဖြစ်အောင်စလိုက်ပါသည်။ဒီကလေး ရုန်းကိုစိတ်ဝင်စားနေတာဘေးလူကရိပ်မိတာပေါ့။ရုန်းလေးကအကပ်မခံနဲ့တော့ တိုးအုံးမယ်။

ဇေယျာခိုက်မောင်နဲ့ဟိန်းထက်ပိုင်တို့ ထွန်းနိုင်တို့တပ်ဖွဲ့နဲ့ချိန်းထားသည့်နေရာရောက်တော့ ရောက်တတ်ရာရာပြောပြီး ရေတွင်းဆီသို့ဉီးတည်ခဲ့ကြသည်။ဒီအချိန်ဆိုရေခပ်မဲ့မိန်းမပျိုလေးတွေရှိကြမည်မလား။ကျန်သူများကသာ တခြားမိန်းခလေးများကိုပိုးပန်းဖို့ရောက်ရှိကြပေမဲ့ ဇေယျာခိုက်မောင်ကတော့သူ၏ရုန်းလေးကိုမတွေ့တော့မျက်နှာမဲ့နေလေပြီ။

ရေမခပ်ဘူးလား ဒီနေ့။မနက်ကလဲလူကိုအဖက်မလုပ်။ရုန်းတိုင်းသင် ခင်ဗျားပစ်ထားရက်တယ်။နှလုံးသားလေးကမှ အထိမခံနိုင်လေးပါဆို။

"ဟျောင့်...ဟိုမှာ မင်း မမ"

ဟိန်းထက်ပိုင်လက်ညှိုးထိုးပြသည့်နေရာကိုကြည့်လိုက်တော့ အားးရွှေရင်အေးလေး။မုန့်မဟုတ်ဘူးနော်။ရုန်းလေးကိုပြောတာ။

အချစ်ဉီးမို့ ရူးရသည်Where stories live. Discover now