VIII

1.4K 69 12
                                    

မတ်လရောက်တာနဲ့ ကျွန်မရဲ့ အလုပ်ကိစ္စတွေ အပြီးဆိုပြီး ကြားကာလတွေထဲ အသည်းအသန် ကြိုးစားထားရသည်။ ကလေးပေါက်လည်း ကျွန်မကို မျှော်နေလောက်ရောပေါ့။ ကျွန်မ သူနဲ့ ပတ်သတ်ပြီး ပထမဆုံးအကြိမ် ချိုးဖောက်ဖူးတဲ့ ကတိပဲ။

သူ့‌မာမီကလည်း သူစာမေးပွဲရက်မတိုင်ခင် ပြန်ရောက်လာတော့ သူ့ကိုသွားတွေ့ရင် ကပ်လိုက်သွားဖို့ အခွင့်အရေးရသွားသည်။
"သမီးမွန် နေဦးနော် အန်တီ သူကြိုက်တဲ့ ကြက်သားကြော်လေး ပြန်နွေးပေးနေလို့"

"ရတယ် အန်တီ အေးဆေးလုပ်နော် ကျွန်မ ဧည့်ခန်းမှာ ထိုင်စောင့်နေပါ့မယ်"

"ကောင်းပြီရှင်"
အန်တီ ချက်ပြုတ်နေတဲ့အချိန် အိမ်နံရံမှာချိတ်ထားတဲ့ ဓာတ်ပုံတွေကို ကျွန်မသေချာလိုက်ကြည့်နေမိသည်။ ကလေးပေါက်က သူ့ဒယ်ဒီနဲ့ မျက်နှာကျတူသည်။ ငယ်ငယ်က ဓာတ်ပုံတွေထဲမှာ အမြဲပြုံးနေခဲ့သလောက် အရွယ်ရောက်လာတာနဲ့ သူ့အပြုံးက ဈေးကြီးသွားတော့သည်။
"ရပြီကွယ် သွားကြစို့"

"ဟုတ်ကဲ့ ချိုင့်ကို ကျွန်မကိုင်မယ်နော် အန်တီ"

"သမီးလေးကျတော့လည်း လူကြီးဆန်လိုက်တာများကွယ် အန်တီ့သမီးငယ်ကျတော့ မြီးကောင်ပေါက်‌ဆိုတော့ သူ့စိတ်ကို မနဲလိုက်ဖတ်နေရတယ်"

"သူ့အရွယ်တွေက ဒီလိုပါပဲ"
ကလေးပေါက်ဆီ သွားတဲ့လမ်းတစ်လျှောက်၌ ကျွန်မတို့နှစ်ဦးသား သူ့အကြောင်းတွေသာ ပြောဖြစ်ခဲ့ကြသည်။

မတွေ့တာကြာတော့ သူ့နားရောက်ခံနီးလေ ကျွန်မ ရင်ခုန်သံတွေက မြန်သည်ထက် မြန်လာပါတော့တယ်။ ကျောင်းဝင်းထဲဝင်သွားတော့ အန်တီက ကျွန်မလက်ကိုဆွဲပြီး ဧည့်တွေ့ဆောင်ကို ဦးဆောင်သွားနေတော့သည်။
"မာမီ!"

"ဟော.... ကလေးလေး သိပ်လွမ်းနေတာကွယ်"
သားအမိနှစ်ယောက် အလွမ်းသယ်နေတဲ့နေရာမှာ ကျွန်မက မဆီမဆိုင် ဝမ်းနည်းနေမိတယ်။ မိဘရင်ခွင်ထဲ ဂရုတစိုက်နေရမယ့် အရွယ်လေးမှာ အဖေက ဘဝထဲက စောစောထွက်ခွာသွားခဲ့ပြီး အမေက အ‌ေမအိုကို ပြုစုနေရတော့ သူ့ဘဝက ခက်ခဲနေခဲ့မှာပဲ။

ကလေးပေါက်က ကျွန်မကို မပါလာတဲ့လူတစ်ယောက်လိုပါပဲ။ တစ်ချက်လေးတောင် ပြုံးမပြခဲ့ပါ။ ကျွန်မ ပစ်ထားတာလည်း များခဲ့ပြီကိုး။
"စာတွေပိုင်ပြီမလားဟင်"

တီချယ့်ကိုပဲ အသည်းစွဲအောင် ချစ်မိသည်Where stories live. Discover now