V

790 57 4
                                    

ညနေပိုင်း စာသင်ချိန်အတွက် သွားနေရတဲ့ခြေလှမ်းတွေဟာ သိပ်ကို လေးလံတာပဲ။ ဘယ်သူ့ကြောင့်ပဲ‌ပွင့်ပွင့် အဲပန်းလေး လှနေဖို့က အရေးကြီးတာမဟုတ်လား။ ကိုယ့်ကြောင့်မဟုတ်ပေမယ့် တီချယ် ရယ်ပြုံးနေတယ်ဆိုရင် အားလုံးကို မမြင်ချင်ယောင်ဆောင်လိုက်ကြတာပေါ့‌။
"မင်း...အဲ့လို ဖြည်းဖြည်းပဲလာနေရင် နောက်ကျတော့မယ်နော်"

"ဟုတ်ကဲ့"
အတန်းချိန်တင်မဟုတ်ဘဲ တချို့နေရာတွေမှာပါ နောက်ကျခဲ့မှန်း ကိုယ့်ကိုကိုယ်သာ သိပါတယ်။
"ဘယ်လိုဖြစ်နေတာလဲ ၂ရက် ၃ရက်ရှိပြီ မင်းနေမကောင်းဘူးလား"

"ကောင်းပါတယ် တီချယ်"

"တစ်ခုခုဆို တို့ကိုပြောပြလို့ရတယ်နော် မေမေတို့ချင်းက သူငယ်ချင်းအရင်း‌တွေဆိုတော့ တို့နှစ်ယောက်ကလည်း ညီအစ်မတွေပဲမလား"

"ဟင့်အင်း... မဟုတ်ပါဘူး"
~ခွပ်
ရွှန်းအဖြေဆုံးတာနဲ့ တီချယ့်လက်ဆစ်လေးဟာ နဖူးထိပ်ကို ခွပ်ခနဲရောက်လာတော့တာပဲ။ ညီအစ်မမှ မလိုချင်တာ တစ်ဖက်သားရဲ့ ခံစားချက်ကိုလည်း မြင်ဦးမှပေါ့ ဘယ်နှယ့် သူလိုရာ ဆွဲသွင်းလို့ရမလား။
"အား...နာတယ်လေလို့"

"အကောင်းကို ပြောမရဘူး နေပေါ့ မင်းဘာသာ ဘာဖြစ်ဖြစ် စာသင်မယ် စာအုပ်ထုတ် ငါစာမေးတာ မရရင် နှစ်ဆဖြစ်သွားပြီ"

"ဘာမှလည်း မဆိုင်ဘူး"

"ဘာပြောတယ်!"

"အယ်...ဟုတ်ကဲ့ပါရှင်လို့ ပြောတာပါ"
‌တကယ့်ကို ဒေါသအိုးလေး သူ့ကို စိတ်ကောက်နေမှန်းလည်း မသိ။ သူကတောင် ပြန်ပြီး ကောက်သွားသေးတာ။
"တီချယ်... စာမသင်ခင် တစ်ခုလောက်မေးလို့ရမလား"

"ပြောကြည့်"

"အစ်မဧ က တီချယ့်ရဲ့ one and only ဆို ရွှန်းကရော ဘာလဲဟင် "

"မင်းက....အင်း...မင်းက one and အုန်းသီးဖြစ်မှာပေါ့"

"ဟွန့်... ရွှန်းကိုဆို ဘယ်တော့မှ အကောင်းမပြောနဲ့ သိလား"

"သိဘူး စာသင်မယ်ပြောနေတာကို မဟုတ်တာလာမေးနေတာ ငါရိုက်ထည့်လိုက်ရ"

"လူကြီးတွေကောင်းကိုမကောင်းဘူး"

"အဲပူညံပူညံလုပ်နေတဲ့ နှုတ်ခမ်းကို ပိတ်ပြီး စာရှင်းပြတာ နားထောင်ပါတော့"

တီချယ့်ကိုပဲ အသည်းစွဲအောင် ချစ်မိသည်Where stories live. Discover now