VI

722 51 10
                                    

(Time Skip)
အချိန်ရာသီတွေတရွေ့ရွေ့ကုန်ဆုံးခဲ့ပြီးနောက် တချို့အရာတွေ တိကျသေချာသွားခဲ့သည်။ အထူးသဖြင့် တီချယ့်အပေါ်ထားတဲ့ ရင်ထဲက ခံစားချက်တွေပေါ့။ မြီးကောင်ပေါက်အရွယ်မှာလေ ပထမဆုံး ရင်ခုန်မိတဲ့သူက ကိုယ်နဲ့ အနီးကပ်ဆုံးနေရသူ ကိုယ့်ကိုစာသင်ပေးတဲ့သူ ဖြစ်နေတာပါပဲ။

တီချယ်ပေးထားတဲ့ notebook လေးမှာ ရွှန်းတီချယ်နဲ့ ပတ်သက်တဲ့ နေ့စဉ်မှတ်တမ်းလေးရေးဖြစ်ခဲ့ပါသည်။

ဘယ်တော့မှမရိုးနိုင်လောက်တဲ့ တီချယ်နဲ့ပတ်သက်တဲ့ နေ့စဉ်စိတ်ခံစားချက်အဖုံဖုံတွေပေါ့။ တစ်ခါတလေ စာအုပ်ဖတ်ရင်းသိပ်ကြိုက်တဲ့ စာသားလေးတွေ့ရင်လည်း လိုက်ကူးရေးပြီး အဆုံးသတ်မှာ တီချယ့်နာမည်ကောက်ရေးလိုက်တာပဲ။

ရွှန်းဖန်တီးထားတဲ့ တီချယ်နဲ့ ရွှန်းကြားထဲက
သံယောစဉ်ကမ္ဘာငယ်လေးဟာ ဒီစာအုပ်လေးပဲပေါ့။

ဒါပေမယ့် အဲစာအုပ်ထဲ ရေးစရာ စာရွက်အလွတ် ကုန်သွားတဲ့နေ့မှာတော့ ဘယ်သူမှ မမြင်အောင် စာအုပ်စင်ကြားထဲ ထည့်ဖွက်ခဲ့ရတာပါပဲ။

အင်း... ရွှန်းရဲ့ ခံစားချက်ကိုလည်း ကိုယ်တိုင်ရော တခြားသူရော မမြင်မိဖို့ တစ်နေရာရာမှာ ဖွက်ထားလို့ရရင် သိပ်ကောင်းမှာပဲ။

ဆယ်တန်းကျောင်းသူဘဝက ပျော်စရာမကောင်းပါဘူး။စာ ပြီးရင်း စာ တစ်ချိန်လုံး စာအုပ်နဲ့မျက်နှာ ခွာရတယ်လို့မရှိ။ ဒီကြားထဲ တီချယ့်သူငယ်ချင်း အစ်မဧ ကလည်း တစ်လတစ်ခါလောက် တီချယ့်ဆီ လာနေတော့တာပဲ။

ဖွားဖွားကြီးရဲ့ ကျန်းမာရေးကလည်း ဇရာအိုထောင်းတော့ ဆိုးပြီးရင်းဆိုးနေခဲ့သည်။ မာမီ့မှာ မိခင်တစ်ဖက် သားသမီးတစ်ဖက်နဲ့ လူနှစ်ကိုယ်ခွဲရင်း ဒီနှစ်ပိုင်းတွေထဲ ပင်ပန်းခဲ့ရရှာပေါ့။

"ဆယ်တန်းဆိုတော့ ဖြစ်နိုင်ရင် မာမီ့အနားမှာပဲထားချင်တာ ခက်တာက မာမီရောက်နေတာ နယ်မြို့လေးဖြစ်နေပြန်တယ်လေ"

"ရွှန်းကို စိတ်မပူပါနဲ့ မာမီရဲ့ ဂုဏ်ထူးမမှန်းပေမယ့် နှစ်ချင်းပေါက် အောင်အောင် ကြိုးစားပါ့မယ်"

တီချယ့်ကိုပဲ အသည်းစွဲအောင် ချစ်မိသည်Where stories live. Discover now