ရွှန်း တီချယ့်အိမ်ကို နေ့စဉ်သွားခဲ့သော်လည်း တီချယ်က စာသင်ဖို့ တစ်ခွန်းမှမဟခဲ့ပါ။တီမှုံကတော့ တီချယ်မသင်ပေးရင် ကျောင်းကဖွင့်တဲ့ ဂိုက်တန်းသွားအပ်ပေးမယ်တဲ့။
ရွှန်းကျောင်းက ဂိုက်တန်းတော့ မတက်ချင်ပါ။ ကျောင်းက ဂိုက်တန်းတက်ရင် အိမ်ကို ပြန်လာရဖို့က မသေချာ။ အကြိုအပို့ခက်တာနဲ့တင် ကျောင်းမှာပဲ နေရမည့်ကိန်းရှိသည်။
မာမီ...ဟုတ်သားပဲ မာမီစကားကိုဆို တီချယ်လွန်ဆန်ဝံ့မှာမဟုတ်ဘူး။မာမီကလည်း သူ့ကိုဆို အကြွင်းမဲ့ယုံ သူကလည်း မာမီ့ကိုဆို ကိုယ့်ထက်တောင် ချစ်ခင်တတ်သေးသည်။
နောက်ဆုံးတော့ မာမီ့ကိုပဲ အကူအညီတောင်းရတော့မည်။ ဒါပေမယ့် ဘယ်လိုစကားလုံးနဲ့ သွားပြောရမလဲ စဉ်းစားရခက်လှပါသည်။
မီးစဥ်ကြည့်ကကြတာပေါ့လို့ တွေးလိုက်ပြီးမာမီ့ကို ဖုန်းခေါ်လိုက်သည်။
"ဟယ်လို...မာမီ့ကလေးလေး"
"နေကောင်းရဲ့လား မာမီ ဖွားဖွားကြီးရော ဘယ်လိုနေသေးလဲ"
"လူကြီးဆိုတော့ ဒီလိုပေါ့ကွယ် ပြောကွယ် စာသင်ရတာ အဆင်ပြေတယ်မဟုတ်လား"
"မာမီ့ကို အဲဒါပဲပြောမလို့ တီချယ့်က ရွှန်းကို စိတ်ဆိုးသွားတယ် အခုထိလည်း စာမသင်ပေးသေးဘူး အာ့ မာမီကူပြောပေးလို့ရမလားဟင်"
"သမီးမွန်ကို စိတ်ဆိုးအောင်မလုပ်ရဘူးနော် ကလေးလေးဒီတစ်ခါတော့ မာမီပြောပေးကြည့်မယ်"
"ဟီး...ဟုတ်ကဲ့မာမီ ရွှန်းနောက်မဖြစ်စေရပါဘူးနော် ဒါပဲနော် မာမီပြောပေးလိုက်တော့"
"ကောင်းပါပြီရှင်"
ဘာမှမတတ်နိုင်တဲ့အခြေအနေတွေမှာ လူတွေက အချိန်တစ်ခု ကုန်လွန်ဖို့ပဲ စောင့်နေကြရတာမဟုတ်လား။
ရွှန်းစောင့်နေခဲ့ပါသည်။ တီချယ်ပြန်လက်ခံဖို့ပေါ့။
~~~~~
ဟိုကလေးကို စာမသင်ပေးသေးတာလည်း အကောင်းသား။ အလုပ်တွေက လုပ်နေရက်နဲ့ လျော့မသွားဘဲ ပိုပိုတိုးလာနေခဲ့သည်။
YOU ARE READING
တီချယ့်ကိုပဲ အသည်းစွဲအောင် ချစ်မိသည်
Fanfictionလက်ကိုတွဲလို့ ကမ္ဘာမြေအဆုံးထိ လျှောက်ကြည့်ဖို့ လိုက်ရဲတယ် မဟုတ်လား