ဖြောင်း! ဖြောင်း! ဖြောင်း!
ဒေါ်ထပ်ထားစံ စီစဉ်ပေးထားတဲ့စေ့စပ်လက်စွပ်က မောင်းကွင်းမှာစိန်ပတ်ပတ်လည်မြှပ်ထားတဲ့ပုံစံဖြစ်ပြီး ရိုးရိုးရှင်းရှင်းဖြင့်တင့်တယ်သည်။
အသားဖြူကြတဲ့လူတွေမို့ နှစ်ယောက်လုံးရဲ့ လက်သူကြွယ်မှာ စေ့စပ်လက်စွပ်ဟာ အရောင်တလက်လက်ဖြင့် ထည်ဝါနေပါသည်။
အပြန်အလှန်စေ့စပ်လက်စွပ်ဝတ်ပေးပြီးသွားကြတော့ သုံးထပ်ကိတ်မုန့်ခွဲကြသည်။ကိတ်မုန့်ခွဲရအောင် မွေးနေ့မဟုတ်မှန်းသိပေမယ့်လည်း ရာရာ့ရဲ့ကိတ်မုန့်စားချင်၍ကိတ်မုန့်ခွဲမယ်ဆိုသောအစီအစဉ်ကြောင့် ခွဲဖြစ်သွားတာပင်။
"ကိတ်မုန့်ကချိုလား"
"အင်း ချိုတယ်"
"ဟင့်အင်း ကိုကို့အပြုံးက ပိုချိုတာပါကွာ"
စည်းစိမ် သဘောတကျရယ်ရင်း ရာရာ့ငယ်ထိပ်လေးကို အသာထုလိုက်မိပါသည်။
အဖိုးတန်သားလေးရဲ့အပြုံးတွေကို ငေးကြည့်ရင်း ကျေနပ်ပီတိဖြစ်နေတဲ့ ဒေါ်ထိပ်ထားစံ။တစ်ဦးတည်းသောသားအား နှမြောတသစိတ်ဖြင့် မသိမသာမျက်နှာပျက်နေသော ဒေါ်သီတာနွယ်နှင့် ဇနီးဖြစ်သူကိုလက်တို့၍အခါခါသတိပေးနေသော ဦးရဲမာန်ပြည့်။သူငယ်ချင်းဖြစ်သူရဲ့ မင်္ဂလာချိန်ကို လက်ခုပ်တီးပြီးဂုဏ်ပြုနေတဲ့ ဇွဲထက်ဉာဏ်။ပြည့်စုံနှင့်ကောင်းကောင်းက အားတက်သရောဖြစ်နေသလောက် စွမ်းမြတ် ကတော့ရှုတည်တည်မျက်နှာပေးဖြင့်ပင်။ကြွရောက်လာကြတဲ့ဧည့်ပရိတ်သတ်တွေဟာလည်း စိတ်ရင်းအမှန်မသိရလောက်အောင် အပြုံးတွေဖြင့်ဝေဆာလျှက်။
သာမာန်နေ့တွေထက် သွားစွယ်လေးတွေပေါ်သည်အထိ စစ်စစ်မှန်မှန်ပြုံးနေသည့် ရာရာ့ကြောင့် စည်းစိမ် လည်းစိတ်ချမ်းသာနေခဲ့သည်။
ထိုသို့ဖြင့် စေ့စပ်ပွဲအခမ်းအနားဟာ အောင်အောင်မြင်မြင်နဲ့ပဲ အထမြောက်သွားခဲ့ပါသည်။
***********************************************
(ဆက်ရန်)
(၁.၅.၂၀၂၄)
(Zawgyi)
"လာပြန်ပြီ"
စက်ရုပ်ကြီးဖြင့်ဆော့နေသည့် ကလေးငယ်က စည်းစိမ် ကိုတွေ့တာနဲ့မျက်လုံးလေးဝင့်ကြည့်ကာပြောလာသည်။ဟုတ်လည်းဟုတ်ပါတယ် ဒီတစ်လော စည်းစိမ် ရဲ့မိဘနှစ်ပါးက အန်တီထိပ်ထားနှင့် အလုပ်ကိစ္စမပြတ်ရှိနေတာမို့ ဒီကလေးငယ်တို့အိမ်ကိုခဏခဏရောက်ဖြစ်နေသည်။
Your Command-5
Start from the beginning
