"ဪ..ကြီးကြီးမားမားတော့မဖြစ်ဘူးမလား"
"သိန်းဂဏန်းလောက်ဆိုတော့ နည်းတယ်များတယ်ပြောလို့မရဘူးပေါ့"
စည်းစိမ် ခေါင်းတညိမ့်ညိမ့်လုပ်လိုက်သည်။
"ဘယ်သူလဲ သံယောဇဉ် ဆိုတာ၊ နာမည်ကလည်း ပေးစရာရှားလို့"
အခရာ့ရဲ့စကားကြောင့် ထက်ဉာဏ် မျက်ခုံးပင့်လိုက်မိပြီး စည်းစိမ် ကိုကြည့်လိုက်သည်။မင်းဘာသာမင်းရှင်းလိုက်ဆိုတဲ့သဘော။
"ကိုယ့်ဆေးခန်းကိုလာပြရင်းနဲ့ သုံးလေးခါလောက်ဆုံဖူးလို့သိနေတာပါ၊ သူက ထက်ဉာဏ် တို့ဆေးရုံမှာလည်းဆေးလာဝယ်နေကျလေ"
"မိန်းကလေးလား"
"ယောက်ျားလေး"
ရာရာက စည်းစိမ် ကိုမျက်လုံးဝင့်ကာကြည့်လာတာမို့ စည်းစိမ် အသာပြုံးပြလိုက်ရင်း
"ဘာဖြစ်လို့လဲ"
"အင်း၊ နောက်အားတဲ့ရက် ကိုကို့ဆေးခန်းဘက်လာဦးမှပါ"
စည်းစိမ် စကားစဖို့ပါးစပ်ဟလိုက်တဲ့အချိန် ရာရာက လက်ဖဝါးဖြင့်ပါးစပ်ကိုအုပ်လာသည်။
"စကားတွေအများကြီးမပြောနဲ့ ကိုကို့ကိုငါယုံတယ်လို့ ပြောခဲ့ပြီးသား၊ ခဏခဏမပြောချင်ဘူး"
"............."
"ကိုထက်ဉာဏ် တစ်ခုခုစားလေ၊ ပုံစံကြည့်ရတာ ဘာမှမစားရသေးတဲ့ပုံပဲ"
"ဪ..အေး စားမယ် စားမယ်၊ အဝကိုစားမှာ"
ရာရာက ထက်ဉာဏ် အားအစားအသောက်တွေဘက် လက်ညွှန်ပြလိုက်သည်။
ရာရာ့ရဲ့ပုခုံးပေါ် စည်းစိမ် သိုင်းဖက်လိုက်ရင်း
"ရာရာရော ဗိုက်ဆာနေပြီလား"
"အင်း ဆာသလိုလိုရှိတယ်၊ သူများတွေစားနေတဲ့အချိန် ငါတို့လည်းစားရအောင်"
"အင်း စားကြမယ်လေ"
ထိုသို့ဖြင့် ထက်ဉာဏ် စားနေတဲ့ဝိုင်းမှာပဲ နှစ်ယောက်သားဝင်ထိုင်လိုက်ကြရင်း မနက်ကတည်းကဟာနေတဲ့ဗိုက်တွေကိုဖြည့်လိုက်ကြပါသည်။
:
"စေ့စပ်လက်စွပ်လေးတွေ အပြန်အလှန်ဝတ်လိုက်ကြပါ"
Your Command-5
Começar do início
