"နောက်ကျအတူတူရှိကြဦးမယ့် သူငယ်ချင်းတွေပဲဟာ ပစ်ပစ်ခါခါမပြောရဘူး"
"ကိုကိုက ဘုန်းကြီးလား၊ ငါ့ကို မင်းဆီကနေ လုချင်နေတဲ့လူကို လုရတာမောမှာစိုးလို့ ရေတောင်တိုက်ဦးမယ်ပေါ့လေ ဟုတ်လား"
ရာရာ့ရဲ့မြှားဦးက စည်းစိမ် ဘက်ကိုလှည့်လာလေပြီ။စည်းစိမ် သက်ပြင်းအသာချပြီးမှ ပြုံးလိုက်ရင်း
"ကိုကို့ကို ရာရာယုံသလို ကိုကိုကလည်း ရာရာ့ကိုယုံတယ်လေ၊ ဟုတ်ပြီလား"
ရာရာ့မျက်နှာကြောလေး တဖြည်းဖြည်းလျော့ကျသွားပြီး စည်းစိမ် ရဲ့လက်မောင်းကိုတွဲဖက်လာသည်။
"လာ တခြားလူတွေလိုက်နှုတ်ဆက်ရအောင်၊ သူတို့ကိုထားခဲ့လိုက်တော့"
"အင်း အင်း"
ကျန်နေခဲ့တဲ့ကောင်လေးတွေကို စည်းစိမ် အားနာပြုံးဖြင့်ပြုံးပြနှုတ်ဆက်ရင်း ရာရာ ဆွဲခေါ်ရာနောက်ကိုပါသွားရတော့သည်။
ဧည့်သည်တွေကိုလိုက်နှုတ်ဆက်ရင်း ရာရာက သူ့ဗီဇအတိုင်း ဘုကန့်လန့်ပြောချင်တဲ့အခါ စည်းစိမ် မှာစကားလိုက်ထိန်းပေးရပါသေးသည်။
"စည်းစိမ်"
ခေါ်သံနှင့်အတူ စည်းစိမ် တို့အနား ထက်ဉာဏ် ရောက်လာသည်။
"အံမယ် နှစ်ယောက်သား ကြည့်ကောင်းနေကြပါလား"
"ကြည့်ကောင်းရမှာပေါ့၊ ငါတို့ကပွဲရဲ့အဓိကလူပဲဟာ"
အခရာ့ရဲ့ပြန်ဖြေသံကြောင့် ထက်ဉာဏ် နင်သွားရသည်။အခရာ နှင့်သိလာခဲ့တာကြာပြီဆိုပေမယ့် အဲ့ဒီမာနကြီးပြီး မယဉ်ကျေးတဲ့ကောင်လေးရဲ့ ပြောပုံဆိုပုံတွေက နားထဲအချိန်တိုင်းကန့်လန့်ဖြစ်နေသည်။စည်းစိမ် အပေါ်ကိုတောင် ဘုကန့်လန့်ဆိုတော့လည်း ထက်ဉာဏ် အနေနဲ့က အဆဲမခံရတာနဲ့တင်ဟုတ်နေပါပြီ။
"မင်းလာတာ နောက်ကျတယ်နော်"
"အေးကွာ၊ လာခါနီးမှ ဆေးရုံမှာကိစ္စလေးပေါ်လာလို့၊ မင်းအသိ သံယောဇဉ် ဆိုတဲ့ကောင်လေးလေ"
"အင်း"
"အေး အဲ့ဒါ သူ့ဆေးဆိုင်အတွက်လာဝယ်တဲ့ဆေးစရင်းမှာ ငွေစာရင်းကွာတာလေးဖြစ်နေလို့၊ ငါတို့ဆေးရုံဘက်ကအမှားပါ၊ အခုတော့ရှင်းပြီးသွားပြီ"
Your Command-5
Start from the beginning
