ပြည့်ဖြိုးနှင့်ကောင်းကောင်း တို့ကတော့အသက်ပင်မရှူသည့်အလား အခြေအနေကိုအကဲခတ်ပြီးငြိမ်နေကြသည်။သူတို့လေးယောက်အုပ်စုမှာ ရာရာပြီးရင် စွမ်းမြတ် ကအကြောတင်းပြီးခေါင်းအမာတတ်ဆုံး။
"ငါပြောနေတာကြားလား အခရာ"
ရာရာက ပါးစောင်ထဲလျှာထိုးထည့်ကာ ဟက်ခနဲရယ်သည်။ရာရာ လှုပ်လှုပ်ရှားရှားဖြစ်လာပြီမို့ စည်းစိမ်; ရာရာ့ပုခုံးကိုထိန်းဖက်ထားလိုက်သည်။စည်းစိမ် အနေဖြင့်ဘာမှဝင်မပြောတာဟာ တစ်ဖက်လူပြောနေသည့်စကားက ရာရာ့ ရွေးချယ်မှုနှင့်သက်ဆိုင်နေ၍ ရာရာ ဖြေရှင်းတာကသာ အသင့်တော်ဆုံးဖြစ်လိမ့်မည်။
"ငါ!"
ရာရာက သူ့ကိုယ်သူလက်ညှိုးထိုးပြရင်း
"ဒီနေ့ကိုကောင်းကောင်းမွန်မွန်ပဲဖြတ်သန်းချင်တယ်"
"..............."
"စောက်ရေးမပါတဲ့ ကိစ္စတွေအတွက်ဒေါသမထွက်ချင်ဘူး"
"အခရာ ငါက..."
"မင်းတောင် ငါလူ့ကိုဂရုမစိုက်ဘဲပြောချင်ရာပြောတာဆိုတော့ ငါလည်း သူငယ်ချင်းပတ်သတ်မှုတွေဘာတွေဂရုမစိုက်ဘဲပြောလိုက်မယ်"
"................"
"ငါ့ကိုပိုင်ဖို့ထိုက်တန်တာ ဘုန်းစည်းစိမ်ပြည့် တစ်ယောက်ပဲရှိတယ်၊ မင်းရဲ့စောက်ရေးမပါတဲ့တစ်ဖက်သတ်အချစ်တွေကိုခေါက်သိမ်းထားလိုက်၊ ငါ့သူငယ်ချင်းဆက်ဖြစ်ချင်ရင် မင်းရဲ့အချိုးကိုပြင်ထား၊ မဟုတ်ရင် ငါ့အဆိုးမဆိုနဲ့၊ ကြားလား စွမ်းမြတ်ပိုင်!"
စွမ်းမြတ် အံတင်းတင်းကြိတ်ရင်း ခေါင်းကိုငုံ့ချလိုက်လိုက်ပါသည်။ကျန်တဲ့သူငယ်ချင်းတွေကတော့ ရာရာ့ အကြောင်းကိုသိတာမို့ အခုအချိန် စွမ်းမြတ် ကိုမနှစ်သိမ့်ပေးနိုင်ကြပါ။တော်ကြာ မြှားဦးကသူတို့ဘက်လှည့်လာမှာစိုးရသည်။
"ဟူးး ဒီနေ့အဖို့ မင်းတို့ကိုအာရုံတော်တော်နောက်သွားပြီ၊ စားပြီးတာနဲ့ပြန်ကြတော့"
"ရာရာ၊ အဲ့လိုမပြောရဘူးလေ"
ဒီတစ်ခါတော့ စည်းစိမ် ဝင်ဟန့်လိုက်ရသည်။ကောင်လေးတွေရဲ့မျက်နှာက ဇီးရွက်လောက်ပဲရှိတော့တာမလား။ဒီလို ဒေါသအိုးလေးကို အချိန်အတော်ကြာသည်းခံပြီးပေါင်းပေးနေတာနဲ့တင် ကျေးဇူးတင်ဖို့ကောင်းနေပါပြီ။
Your Command-5
Start from the beginning
