"ငါက ဘယ်တုန်းကမသားနားလို့လဲ"
"မဟုတ်ဘူးလေ၊ ဒီနေ့ အရင်ကထက်ပိုပြီးသားနားနေတာကိုပြောချင်တာပါကွာ"
"အပိုစာသားမပြောလည်း မင်းကြိုက်တာစားနိုင်ပါတယ်"
"ငနာကလည်း!"
"သွားမြှောက်မနေနဲ့ အခရာ ဆိုတဲ့ကောင်က အိပ်နေရင်တောင်မိုးပေါ်ထောင်နေတာ"
ကောင်းကောင်း ကထိုသို့ဝင်ပြောလိုက်လျှင် ပြည့်ဖြိုး ကမျက်စိပြူးမျက်စံပြူးဖြင့်
"ဟင် ဟင်! ဘာကမိုးပေါ်ထောင်နေတာလဲ!"
"ကွန်ဖီးဒန့်လယ်ဗယ်ကိုပြောတာပါကွာ"
"ဪ မသိပါဘူး"
"မင်းကဘာထင်လို့လဲ"
"ငါထင်တာတစ်မျိုး"
"အေး မင်းထင်တာကို ငါသိနေပါတယ်"
ပြောချင်ရာပြောပြီး နှစ်ယောက်သားတခွီခွီရယ်နေကြသည်။ထိုနှစ်ယောက်ကို ရာရာ မျက်မှောင်ကျုံ့ကြည့်လိုက်ပြီး
"မင်းတို့နှစ်ကောင် အာတော်တော်ချောင်နေကြတယ်၊ စွမ်းမြတ် ကမှအိန္ဒြေရသေး"
"အိန္ဒြေရမှာပေါ့ ဒီကောင်စောက်သည်းကွဲနေတာလေ"
"ဘာကြောင့်"
"မသိလို့မေးနေတာလား၊ မင်းစေ့စပ်သွားလို့လေ"
"ဟေ့ကောင်!"
ကောင်းကောင်း ဝင်တားလည်းမမှီတော့။ပြည့်ဖြိုး ကပြောချင်ရာပြောပြီးသွားလေပြီ။ထိုအခါ တစ်ချိန်လုံးငြိမ်နေတဲ့ စွမ်းမြတ် ရဲ့အကြည့်က ရာရာ့ဆီရောက်လာသည်။စည်းစိမ် လည်း စွမ်းမြတ် ဆိုတဲ့ကောင်လေးကို ကြည့်လိုက်မိသည်။
ရာရာကတော့ ကိစ္စကသူနှင့်မဆိုင်သည့်အလား ရှူတည်တည်ဖြင့်သာ။
"အခရာ"
စွမ်းမြတ် ရဲ့ခေါ်သံ။ရာရာကတော့ မျက်ခုံးသာ တစ်ချက်ပင့်ပြလိုက်သည်။
"ဒီလူနဲ့ငါနဲ့ဆို ငါနောက်ကောက်ကျစရာဘာအကြောင်းမှမရှိဘူးနော်၊ မင်းရဲ့ရွေးချယ်မှုကို အချိန်မလွန်ခင်ပြန်စဉ်းစားကြည့်လိုက်"
စွမ်းမြတ် ရဲ့ဟန်ပန်ကယုံကြည်မှုလွန်ကဲနေဟန်ရှိပြီး စည်းစိမ် ကိုကြည့်ကာ ခနဲ့တဲ့တဲ့ပြုံးနေသည်။အခုကိစ္စက ပေါ်တင်ကြီးအချစ်လုခံနေရတာမို့ စည်းစိမ် အံ့အားသင့်ရပါသည်။ဆယ်ကျော်သက်အရွယ် ဂျစ်ကန်ကန်ကောင်လေးတွေ မလုပ်ရဲမပြောရဲတာဘာမှမရှိပါလား။
Your Command-5
Start from the beginning
