"ရာရာ ဒါက အန်ကယ်ဦးမျိုးမြင့် မေမေကြီးရဲ့ စီးပွါးရေးပါတနာ၊ ဦးမျိုး ဒါကကျွန်မသား မင်းအခရာ၊ ဒါကကျွန်မရဲ့သားမက်လောင်း မောင်ဘုန်းစည်းစိမ်ပြည့်"
"တွေ့ရတာဝမ်းသာပါတယ် အန်ကယ်"
"ဘုန်းစည်းစိမ်ပြည့် ပါအန်ကယ်၊ တွေ့ရတာဝမ်းသာပါတယ်"
"မောင်ဘုန်းစည်းစိမ်ပြည့် ကဆရာဝန်မလားကွ"
"ဟုတ်ပါတယ် အန်ကယ်"
"မထိပ်ထားကတော့ သားမွေးပြီး သားမက်ကောင်းရထားတာပဲဟေ့၊ သားရောသားမက်ရောကလူချောတွေပဲ၊ အေးအေး တွေ့ရတာဝမ်းသာပါတယ်ကွာ"
အန်တီထိပ်ထားက သူ့ရဲ့စီးပွါးရေးပါတနာတွေနှင့် စည်းစိမ် တို့နှစ်ယောက်ကို တစ်ယောက်မကျန်အကုန်လိုက်မိတ်ဆက်ပေးသည်။
ခဲရောင်ဆင်တူ suit ကိုယ်စီဖြင့် လူဘုံအလယ်မှာ လက်တွဲလျှောက်နေသည့် ကောင်လေးနှစ်ယောက်ဟာ နေနှင့်လ ရွှေနှင့်မြအလား တင်စားရလောက်အောင် လူအများရဲ့အမြင်မှာ တင့်တယ်လိုက်ဖက်နေကြသည်။
"အခရာ! ငါတို့ဒီမှာ"
ရာရာ့သူငယ်ချင်းတွေဝိုင်းဘက် စည်းစိမ် တို့လျှောက်သွားလိုက်သည်။ရာရာ့ရဲ့ သူငယ်ချင်းသုံးယောက်ကို စည်းစိမ် မျက်မှန်းတန်းမိရုံလောက်တော့သိပါသည်။သိပ်မဆုံဖူးကြတာကြောင့်ဖြစ်သည်။
"သူတို့ကိုနာမည်နဲ့လူနဲ့တွဲပြီး မှတ်မိတယ်မလား ကိုကို"
"အင်း မှတ်မိပါတယ်"
စည်းစိမ် ပြုံးရင်းခေါင်းဆတ်ပြလိုက်တော့ ကောင်လေးတွေကလည်း ခေါင်းတွေညိမ့်ကာပြန်ပြုံးပြကြသည်။
"မင်းတို့ရောက်လာကတည်းက စားနေကြတာနော်"
ရာရာ့ရဲ့စကားကြောင့် ပြည့်ဖြိုးနှင့်ကောင်းကောင်းတို့က မျက်နှာချိုသွေးကာ တဟဲဟဲရယ်ပြကြပေမယ့် ကျန်တဲ့တစ်ယောက်ကတော့ ရှုတည်တည်မျက်နှာပေးဖြင့်သာ။ဒီကောင်လေးနာမည်က စွမ်းမြတ်ပိုင်။တွေ့လိုက်တိုင်း အမြဲရုပ်တည်နဲ့မို့ စည်းစိမ် သတိထားမိသည်။
"ငါတို့အခရာက ဒီနေ့အရမ်းသားနားနေတယ်"
ပြည့်ဖိုး ကထိုသို့မြှောက်ပင့်လိုက်လျှင် ရာရာက မဲ့ပြုံးပြုံးပြီး
Your Command-5
Start from the beginning
