Your Command-5

Magsimula sa umpisa
                                        

"ရော့..."

"ဒါက..."

"အတူတူဆော့ဖို့လေ၊ မင်းက..ကိုကိုက ငါ့သူငယ်ချင်းဖြစ်သွားပြီ၊ နောက်လည်းအတူတူဆော့ကြမယ်၊ ဟုတ်ပြီလား"

"အင်း၊ ဟုတ်ပါပြီကွာ"

ထိုစဉ်အခါက မာနခဲလေးတစ်ယောက်နှင့် သူငယ်ချင်းဖြစ်ရဖို့အရေး စည်းစိမ် ဟာသူ့ရဲ့အရည်အသွေးတွေကိုထုတ်ကြွားခဲ့ရပါသည်။

***********************************************

စေ့စပ်ပွဲဟာ အသိမိတ်ဆွေများဖြင့်သာကျင်းပသော်လည်း လူဝင်ဆံ့တဲ့မိသားစုနှစ်စုဖြစ်တာမို့ လာရောက်ချီးမြှောက်ကြသူတွေများပြားသည်။

"ဟင်းးး"

ဒေါ်သီတာနွယ် ကသက်ပြင်းတချချ။မသိမသာပျက်ယွင်းနေတဲ့ ဇနီးဖြစ်သူရဲ့မျက်နှာကြောင့် ဦးရဲမာန်ပြည့် လည်းတီးတိုးသတိပေးနေရသည်။

"မိန်းမရယ် အဲ့လိုကြီးမနေပါနဲ့၊ မထိပ်ထားရိပ်မိသွားရင်မကောင်းဘူးလေ"

"အို! မရယ်နိုင်လို့မရယ်တာပေါ့၊ ကျွန်မကလက်ခံချင်တာမဟုတ်ဘူး၊ သားကသဘောတူလိုက်လို့သာ"

"တစ်ချိန်ကျလည်း အတူနေသွားမယ့်လူနှစ်ယောက် အခုကတည်းက စေ့စပ်ကြတာ အမှားမရှိပါဘူးကွာ"

"ရှင်ဘာသိလို့လဲ၊ သားနဲ့အဲ့ကောင်လေးပြတ်ပါစေပဲ ကျွန်မနေ့တိုင်းထိုင်ဆုတောင်းနေမိတာ၊ အခုတော့ စေ့စပ်တဲ့အထိပါဖြစ်လာပြီ၊ နောက်ဆို လက်ထပ်ပွဲလာတော့မယ်"

"ကလေးနှစ်ယောက်တွဲကြတုန်းကလည်း မင်းပဲသဘောတူခဲ့တာမလား"

"မတူချင်ပါဘူး၊ မတူလို့မရလို့သာ၊ နာစရာမျက်နှာတွေကရှိနေလို့၊ သားမက်ရမယ်ဆိုရင်တောင် ရာရာ့လိုကလေးမျိုးတော့ သားမက်မတော်ချင်တာအမှန်ပဲ၊ ယောက္ခမနဲ့အကြောမတည့်မယ့်သားမက်မျိုး"

"ကဲ ဖြစ်ပဲဖြစ်ပြီးနေပြီကွာ၊ လက်ခံဖို့ပြင်ထားလိုက်ပါတော့၊ ပြုံးထား ပြုံးထား"

ဒေါ်သီတာနွယ် သူမအားတရားချနေတဲ့ယောက်ျားဖြစ်သူကို မျက်စောင်းတစ်ချက်ထိုးပြီးမှသာ ဟန်လုပ်ပြုံး ပြုံးနေလိုက်ပါတော့သည်။

Naabot mo na ang dulo ng mga na-publish na parte.

⏰ Huling update: May 01, 2024 ⏰

Idagdag ang kuwentong ito sa iyong Library para ma-notify tungkol sa mga bagong parte!

Your Command (pause)Tahanan ng mga kuwento. Tumuklas ngayon