Episode 14

809 16 2
                                    

Unicode
အာဏာတစ်ယောက် အပြင်ကဆူညံသံတွေနဲ့နိုးလာရာ ဝဒံတာထွက်ပြီး အောက်ကိုငုတ်ကြည့်လေသည်

ဦးရာဇနဲ့မိုးမြင့်ရာဇာတို့ဖြစ်ပြီးသူတို့ဂိုဏ်းကလူတွေနဲ့အာဏာတို့ဂိုဏ်းက လူတွေကိုတိုက်ခိုက်ကြပြီးအိမ်ထဲဝင်ဖို့ကြိုး‌စားနေတာဖြစ်သည်

အာဏာအခန်းထဲပြန်ဝင်သွားပြီး ပစ်ဖို့မေ့ဆေးသေနတ်ကိုသွားယူလေသည်

မေ့ဆေးသေနတ်သည် အသံလဲတိုးပြီး ကိစ္စလည်းအမြန်ပျက်တာကြောင့်အာဏာ ဖျားပြီးအိမ်မောကျနေသောဇနီးလောင်းလေးကိုငဲ့ကွက်သောအားဖြင့်ရွေးချယ်လိုက်ခြင်းဖြစ်သည်

အာဏာ မိုးမြင့်ဘေးက သူ့ဂိုဏ်းကိုတိုက်ခိုက်နေတဲ့ဗလကြီးကိုအရင်ပစ်လိုက်ပြီးပစ်ချက်မြားနဲ့အတူ စာပါထည့်ပေးလိုက်သည်

မိုးမြင့် အမြန်ထိုစာကိုယူဖတ်လိုက်ကြည့်ရာ

*ငါ့မိန်းမရာရာအိပ်နေတယ်ဖြည်းဖြည်းကစားကြ*

မိုးမြင့်သူ့နှမသားကိုသားမလိုမယားမလို ခိုင်းနှိုးထားတာကြောင့်အာဏာကိုဒေါသထွက်ပြီးသေနတ်ကိုပစ်ဖို့ပြင်လိုက်စဉ်မှာပဲ အာဏာလက်က အရင်လျင်သွားတယ်လို့ပြောရမလားမိုးမြင့်ကိုထိသွားသည်

"အ့ !"

မိုးမြင့်ပစ်လိုက်တဲ့သေနပ်ထဲကကြည်ကလဲထွက်သွားတာကြောင့်"ဒိုင်း"ကနဲ ပတ်ဝန်းကျင်တစ်ခုလုံးဆူညံသွားလေသည်

ဆူညံသံကြောင့်ရာရာ လန့်နိုးကာကယိန်းကယိုင်ဖြစ်နေသည်

"ကိုယ်ဘာဖြစ်တာလဲ"

အာဏာ သူ့ဆီပြေးလာတော့မယ့်ရာရာကိုဝဒံတာမရောက်အောင်တားလိုက်ပြီးမှန်တံခါးကိုလဲသေချာပိတ်ခဲ့ပြီးမှာခဲ့သည်

"မထွက်လာနဲ့နော်လုံးဝမထွက်လာနဲ့"

အာဏာလဲ မယားရူးဆိုတော့ မယားထိဓါးကြည့်မယားအကိုတွေဘာတွေနားမလည်ဘူး နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတဲ့ ရာရာကိုနိုးသွားလုပ်ခဲ့တာကြောင့်ဒေါသကလဲ ထွက်နေသည်

စိတ်ထဲကလဲ ရာရာကို ဦးရာဇတို့နဲ့မတွေ့စေချင်တာကြောင့်သွေးတွေဆူပွက်တဲ့ထိ စိတ်လှုပ်ရှားလျက် အာဏာ အခုစဉ်းစားမိတာက အားလုံးကိုသတ်ပစ်ဖို့ပဲ

အချစ်မှာကျဆုံးခြင်း(အိပ်ရာထက်ကအနမ်းပွင့် Season 2)Onde histórias criam vida. Descubra agora