Episode 5 don't hate me 🐧

1K 27 0
                                    

Unicode

"ဒိုင်း!ဒိုင်း!!"

သခင်ဒေါသကြောင့်တုပ်တုပ်မလှုပ်ရဲအောင်ကြောက်‌နေကြသော တော်ဝင်နဲ့သီဟပူးနေပြီး တီးတိုးအတင်းတုပ်နေကြသည်

"ဘာဖြစ်ပြန်ပြီလဲမသိဘူး ဟိုမိန်းကလေးနဲ့အဆင်မပြေဘူးထင်‌တယ်နော် တော်ဝင်"

"သေချာတာပေါ့ ဒီလို ဖြစ်နေပုံဆိုတော့ ဟိုမိန်းကလေး က တစ်ခုခုလုပ်လိုက်လို့ထင်တယ် အရင်က ဒီလိုပုံစံဆိုမှောင်ခိုလုပ်ငန်းမှာ စိတ်တိုင်းမကျလို့‌ သောင်းကျမ်းတာ အခုက ဒီရက်ပိုင်းလုပ်ငန်းတွေကလည်းတော်တော်အခြေနေကောင်းတာကို ဟို မိန်းကလေးကြောင့်ပဲသေချာတယ်"

" ဟေ့ !မအေဘေးနှစ်ကောင်"

"ဗျာ !!ဗျာ!!ခေါင်းဆောင် ဟုတ်!!"

" ဟို ဟာမ သွားခေါ်ခဲ့"

"ဗျာ "

"ဘာဗျာနေတာလဲ ငါပြောနေတာနားမလည်ဘူးလား ငါကိုတရုတ်ရုတ်လာမလုပ်နဲ့နော် လူသတ်‌ချင်နေတာ ဟိုဟာမအစားမင်းတို့သေသွားမယ်"

"အဲ ခေါင်းဆောင်ကလဲခေါ်ပေးပါ့မယ်"

"သီဟ !!"

"ဗျာ ဟုတ် ခေါင်းဆောင်"

"ကျည်ဆန်အပြည့်ဖြည့်ထား"

သီဟဆီ ပစ်စတိုကိုပစ်ပေးလိုက်သည်

"ဟ ငါ့ကို လာစမ်းနေတယ်တွေ့ကြသေးတာပေါ့ဆောင်းဧရာရယ်"

ခဏအကြာ

"လွှတ် !လွှတ် !ငါ့ကို လွှတ် ဖြည်းဖြည်းခေါ်လဲ လိုက်ပါတယ် အရမ်း‌မဆွဲပါနဲ့"

အကြမ်းမတမ်းဆွဲခေါ်နေသော တော်ဝင်ကိုရာရာရန်တွေ့‌ကာဆွဲခေါ်ရာကို ‌လိုက်ပါလာသည်

"ရောက်လာပြီလား"

"ဘာဖြစ်လို့လဲ ကျွန်မကိုခေါ်တာ"

"ဟိုနားမှာသွားရပ်နေ ပြီးတော့ ပန်းသီးကိုမင်းခေါင်းပေါ်တင်ထား ငါအပျင်းပြေသေနပ်ပစ်ချင်လို့"

"ဘာ!!!! ရှင်ရူးနေလား ဒါလူ့အသက်နော်ကစားစရာမဟုတ်ဘူး ကျွန်မမလုပ်ပေးနိုင်ဘူးတော်ကြာ ရှင်က လက်မဖြောင့် ရင်ကျွန်မသေနေဦးမယ်"

အချစ်မှာကျဆုံးခြင်း(အိပ်ရာထက်ကအနမ်းပွင့် Season 2)Where stories live. Discover now