Episode 11တစ်လတစ်ခါဒုက္ခပေးတတ်တဲ့ဧည့်သည်😒

802 13 0
                                    

Unicode;

"သွားပြီ ဟုတ်သားပဲ ပြဿနာပဲ ဘယ်လိုလုပ်ရမလဲ ဒီမှာလဲယောကျာ်းတွေကြီးပဲနေဟာကို"

"ချစ်လေးအဲ့မှာဘာရပ်နေတာလဲ ဒီမှာလာထိုင်လေ"

"ဟင် ရတယ် မထိုင်တော့ဘူး"

"ဘာလို့လဲ လာထိုင်ပါ ချစ်ကလည်း"

"ကျွန်မ .."

"ဘာပြောချင်လည်းပြောလေ "

"ကျွန်မလေ..."

"အွန်း "

"ရာ..သီ..လာနေလို့..."

"အော် ဟုတ်လား "

"အွန်း "

"အဲ့ဒါများ ကိုယ်ဝယ်ခိုင်းလိုက်မယ်နော် ဘယ်လောက်ဆိုဒ်ဆိုရလဲ"

"ဆိုဒ်ရှိတာပါ သိတာလား"

"သိတာပေါ့ ဒီခေတ်ကြီးထဲမှာ မသိချင်တာတောင်သိနေမယ့်ကိစ္စကြီးပဲ "

"အဆင်ပြေတာပဲဝယ်လိုက်ပါ"

"‌အေး ခဏလေးစောင့်နော် တော်ဝင်ကိုပြောလိုက်မယ်"

"အားနာစရာကြီး"

"အားနာမနေနဲ့ မင်းအလုပ်တွေက သူလုပ်ရမှာ"

"...."

"တော်‌ဝင်"

"ဟုတ် ခေါင်းဆောင်"

"ငါမိန်းမရာသီဆင်းနေလို့ လစဉ်သုံး‌နှစ်ထုပ်သုံးထုပ်လောက်ဝယ်ပေးလိုက်"

"ကျွန်မပဲ သွားဝယ်လိုက်ပါမယ်"

"မင်းကဒီအိမ်က‌နေဘယ်မှမသွားရဘူး"

"ရပါတယ်မမလေးရယ်ကျွန်တော်သွားဝယ်လိုက်ပါ့မယ် မြို့ပြင်ထိကားနဲ့အဝေးကြီးမောင်းရမှာ အန္တရာယ်များတယ်"

"ဟုတ်ကဲ့ပါရှင့် ကူညီပေးတာကျေးဇူးတင်ပါတယ်ကိုတော်ဝင်"

"ရပါတယ်မမလေး"

"လာခဲ့ပါအုံး"

အာဏာ ရာရာလက်ကိုရုတ်တရက်ဆွဲချလိုက်တာကြောင့်ရာရာအာဏာပေါင်ပေါ် ထိုင်ရက်သားလဲကျသွားသည်

သူမ ရာသီတွေ ပေမှာဆိုးလို့ ချက်ချင်းကုန်းထသော်လည်းအာဏာကမလွှတ်ပေး

"မလုပ်နဲ့ပေကုန်မယ်"

"ပေပါစေ မင်းကိုယ်ထဲမှာ ရှိတဲ့သွေးတွေက ကိုယ့်သွေးတွေပဲ တကယ်တော့မင်းရာသီလာတာ ကိုယ်စိတ်မကောင်းဘူး"

အချစ်မှာကျဆုံးခြင်း(အိပ်ရာထက်ကအနမ်းပွင့် Season 2)Where stories live. Discover now