Episode 13🚨🚨

2K 31 4
                                    

Unicode

"‌ငါ့ကိုလူကြားထဲမှာသောက်ရှက်ခွဲတာပေါ့ ဟုတ်လား ဟမ်း!!"

ရာရာအော်ခံ‌နေရတာကြောင့်အရမ်းလန့်နေသည်

အာဏာကသူမကိုအပြစ်ပေးဖို့ရေကူးကန်နားကိုခေါ်သွားသည် ဒါဟာသူမအတွက်အဆိုးရွှားဆုံးပြသနာပဲ

"မလုပ်နဲ့ ဒီမှာမပြောပဲ အခြားမှာပြောရအောင်"

ရာရာထိုနေရာမှထွက်ပြေးဖို့လုပ်နေတာကြောင့်အာဏာက သူမပုခုံးနှစ်ဖက်ကိုတင်းတင်းကိုင်ကာချုပ်ထားလိုက်သည်

"ဒီမှာဘာဖြစ်လို့လဲမင်းကိုအပြစ်ပေးရမှာကို"

"မလုပ်နဲ့ဒီမှာမလုပ်နဲ့ကြောက်ပါတယ်ကျွန်မရေမကူးတတ်ဘူး"

သူမရေကူးကန်ကိုလှည့်ကြည့် လှည့်ကြည့်နဲ့ကြောက်လွန်းလို့တုန်ရီနေလေသည်

"ဟုတ်လို့လား ဦးရာဇသမီးကရေမကူးတတ်ဘူးဆိုတာဒါပေမယ့်ငါမသိချင်ဘူး အခုမင်းမှတ်ထားရမှာကငါကသေစ္စာဖောက်တာကိုအမုန်းဆုံးပဲ ‌အဲ့တော့ငါရဲ့အမုန်းဆုံးကိစ္စကိုကျူးလွန်ရင်ငါခွင့်မလွှတ်ဘူး အသေသတ်ပစ်မှာ မင်းဆိုရင်တောင်ပေါ့ ဆောင်းဧရာ ငါပေးတဲ့ငရဲမှာသာယာကြည့်လိုက်တော့ အခုကစပြီ"

အာဏာရာရာကိုတွန်းချလိုက်လေသည်

"ဗွမ်း!!"

"ဟွတ် !ဟွတ်! မလုပ်နဲ့ !!ကိုအာဏာ!!!ကယ်ပါ !!ရာရာတကယ်မကူးတတ်ဘူး ကြောက်တယ် !!!ဟွတ်!!ဟွတ်!! "

"ခေါင်းဆောင်မမလေးတကယ်ရေမကူးတတ်တာထင်တယ်"

"လွှတ်ထားလိုက် ငါကြားချင်တဲ့စကားရှိတယ်အဲ့စကားကြားရမှငါကိုယ်တိုင်ဆင်းကယ်မယ်"

"ဒီမှာငါကြားချင်တာမင်းဆီကကြောက််တယ်ဆိုတဲ့စကားမဟုတ်ဘူး မင်းအပြစ်ကိုမင်းသိတယ်မလား"

"ဟွတ် !!‌ သိ!!!!!ကယ်ပါ !!အ့ !!ကြွက်တက်နေပြီ"

"ရေထဲကနေ ကိုယ့်ဘာသာကိုယ်ရအောင်တက်ခဲ့"

"မလုပ်ပါနဲ့!!!ကျွန်မ‌ မသေချင်ဘူး!!!!!!!"

အာဏာ ရေကူးကန်နေရာမှထွက်ဖို့ပြင်လိုက်စဉ် ခဏကြာတော့ ရေကန်ထဲက ရာရာအသံပျောက်သွားသည်

အချစ်မှာကျဆုံးခြင်း(အိပ်ရာထက်ကအနမ်းပွင့် Season 2)Onde histórias criam vida. Descubra agora