Episode 6သူ့ကိုလွမ်းခြင်း

962 29 0
                                    

Unicode;

"ရေ ...."

"ဟင် အော နိုးလာပြီလား "

အာဏာက မြန်မြန်ဆန်ဆန် ကုတင်ပေးနားက ခုံသေးသေးလေးပေါ်မှာတင်ထားတဲ့‌ရေကယားထဲက ရေကိုနည်းနည်းငဲ့ပေးလိုက်သည်

"ကလု... ကလု..."

"ဘယ်လိုနေသေးလည်း"

"ကောင်းပါတယ်"

သူက အာဏာကိုထူးဆန်းသလိုကြည့်နေ‌ပြီး ရှုပ်ထွေးနေသည် အခုကျတော့လည်းသူကနွေးထွေးသလိုပုံစံနဲ့သူမကိုဆက်ဆံနေသလိုခံစားရသည်ည်

"ကောင်းကောင်းထ"

သူမ ခန္ဓာကိုယ်ကို ပွေ့ပိုက်ကာ ထိုင်ရန်လုပ်ပေးသည်

"ရှင်ဘာဖြစ်နေတာလဲ"

"ဟင် ငါဘာဖြစ်လို့လဲ"

"......ထားလိုက်ပါတော့ "

"နေဦး မင်းဘယ်သွားမလို့လဲ"

"ကျွန်မမျက်နှာသစ်မလို့လေ"

"ငါလုပ်ပေးမယ်"

"ဘယ်ကိုလုပ်ပေးမှာလဲရပါတယ်"

"မင်း လျှာမရှည်နဲ့လုပ်ပေးမယ်ဆိုတာကိုကောင်းကောင်းလက်ခံမှပေါ့"

"ရှင့်‌ဒေါသကြီးပဲ ကျွန်မ အလေးသွားချင်တာ ပေါ်တင်ပြောမှသိမယ်ပေါ့"

"အဲ့လိုလား ရှင်းရှင်းပြောမှပေါ့အိမ်သာတက်ချင်တာကိုမျက်နှာသစ်ချင်တယ်လို့ပြောနေတာကမမှန်ဘူးနော်"

"အော! တကယ်ဒီလူဘာဖြစ်နေလည်းမသိဘူး"

......................

"ခေါင်းဆောင် "

"‌မပြောနဲ့သိပြီးပြီ"

"စိတ်မကောင်းပါဘူး ခေါင်းဆောင်"

"မလိုဘူး helicopter ပြင်ထား ခုချက်ချင်းသွားမယ်"

"ဟုတ်ကဲ့ခေါင်းဆောင်"

............................

ရုတ်တရက် အခန်းတံခါးကိုဆောင့်ဖွင့်ကာ အာဏာတစ်ယောက်ကြမ်းကြမ်းတမ်းတမ်းဝင်လာတာကြောင့် ရာရာ အိပ်ငိုက်နေရာမှ မျက်လုံးများပြူးထွက်သွားသည်

အဝတ်အစားအနည်းငယ်ကို luggageအိပ်ထဲထည့်ကာ တစ်နေရာသွားတော့မလို

အချစ်မှာကျဆုံးခြင်း(အိပ်ရာထက်ကအနမ်းပွင့် Season 2)Where stories live. Discover now