Episode 4 Help me!

1.3K 13 0
                                    

Unicode;

ထို့နောက်ထိုလူများကအာဏာဘေးနားမှာအပုံလိုက်လဲကျနေသောရာရာကိုလက်မောင်းကိုချီပွေ့ဖို့ကြိုးစားလိုက်စဉ်

နုနယ်လှသော သူမလက်မောင်းလေးဖြင့် အာဏာ ခြေထောက်ကိုတင်းတင်းဖက်ထားကာမျက်နှာလေးနဲ့အပ်ထားသည်

"မလုပ်ပါနဲ့ ကျွန်မရှင်ပြောသမျှ အကုန်လုပ်ပါ့မယ့် အခုလို မလုပ်ဖို့ပြောပေးပါ ကျွန်မကြောက်ပါပြီ"

ထိုလူများက ရာရာ အာဏာကိုဖက်ထားသောလက်ကိုဖယ်ကာ ချီပွေ့သွားလေသည်

"မလုပ်နဲ့ ငါ့ကိုလွှတ် ငါ့ကိုလွှတ်!!!"

ထိုအချိန်

"ထားလိုက်တော့"

"ဗျာ"

ထိုလူအုပ်ကအာဏာကို ကြောင်အစွာကြည့်‌နေကာ

"ပြန်ချပေးလိုက်"

သူမပြောတာတစ်ခွန်းဆိုတစ်ခွန်းသူနှလုံးသားကိုထိ‌ရောက်စေတာဘာကြောင့်လဲ

"ဟင့်!"

သနားစရာကောင်းအောင် မျက်နှာတစ်ခုလုံးနီရဲစွာငိုထားသောရာရာလေး ကသူ့ကိုမျှော်လင့်ချက်နဲ့ကြည့်နေသည်

သူမကိုချီထားသောလူကြီးက သူမကိုပြန်ချလိုက်ကာသူ့နေရာကိုသူပြန်သွားသည်

"သေချာလား ငါပြောသမျှလုပ်မယ်ဆိုတာ"

"အင်းအင်း"

"ဟုတ်ပြီ သွားမယ် ငါနဲ့"

တစ်ဖန် ပြောချင်တာပြောပြီး အာဏာ သူမကိုပြန်ချီပွေ့သွားပြန်သည်

ဒီတစ်ခါတော့ သူ့အပေါ်မှာ မရုန်းနေတော့ပဲ ငြိမ်ငြိမ်လေးလိုက်လာခဲ့လေသည်

တော်ဝင်နဲ့သီဟတစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး အာဏာလုပ်ရပ်ကိုထူးဆန်းနေသည်

မိန်းကလေးတစ်ယောက်ကို စကားအရှည်ကြီးမပြောဘဲချေတတ်တာတွေ ၊တစ်ညထပ်ပိုပြီးအတူမနေတတ်တာတွေက အခုရာရာနဲ့ကျ‌တော့တစ်ခြားစီဖြစ်နေသည်

"သီဟ ငါ့ရင်ထဲ ခေါင်းဆောင်ထူးဆန်းနေသလိုပဲနော်"

"မင်းမေကြီးတော် သခင်အလုပ်‌ဝင်မပါနဲ့"

အချစ်မှာကျဆုံးခြင်း(အိပ်ရာထက်ကအနမ်းပွင့် Season 2)Where stories live. Discover now