" ဒါမယ့် ... "
ဒုန်း
" ဟား! ကြာလိုက်တာ "
စကားတို့မဆုံးလိုက်ခြံထဲမှ ကားတံခါးစောင့်ပိတ်သံနှင့် အသံခပ်ဩဩဟာတစ်ချက်ထွက်ပေါ်လာ၏။ဒီလောက်ဆိုသူကြာကြာနေလို့မရဘူးဆိုတာသိလိုက်ပြီ။လူမှုရေးခေါင်းပါးလိုက်တာဆိုတာ သူမနှုတ်ဆက်နိုင်ရင်တောင်သူ့အစားသူများကပိုနှုတ်ဆက်ပေးနေတယ်လေ။ဒါတောင်ဒင်းကလာဒေါသထွက်ပြနေလိုက်သေးတယ်။ကလေးသာဆို ခေါင်းကိုခပ်နာနာလေးတစ်ဂွတ်ဂွတ်မြည်အောင်ခေါက်ပြီးလူကြီးတွေကိုဘယ်လိုဆက်ဆံရမယ်ဆိုတာသင်ပြလိုက်ချင်ပါသေးတယ်။
ခြံထဲရောက်သည်နှင့် ကားကိုကျောမှီကာဆေးလိပ်သောက်လျှက်သူ့ကိုစူးစူးစိုက်စိုက်ကြည့်နေသူ။ဝတ်ပုံကတကယ့်ကိုလမ်းသရဲပုံစံမျက်စိဆံပင်မွှေးစူးစရာ။တစ်ကိုယ်လုံး All black နဲ့သူ့ကိုယ်သူအသုဘသွားမယ်များထင်နေတာလား။အဲ့တာတွေအကုန်လိုက်ပြောပြန်ရင်လည်း ယိမ်းယိုင်မှိုင်းတို့လျှာရှည်တယ်ဖြစ်အုန်းမယ်။ဒါပေမယ့်လည်း မတီးမမြည်မပြောမဖြစ်ဆိုသလိုပြောကိုပြောရမှာပဲ။
ယိမ်းယိုင်မှိုင်း ကားနားရပ်နေသူအားရောက်သည်နှင့်နှာခေါင်းလုံးလုံးလေးကိုတစ်ချက်မျှပွတ်ကာမျက်နှာကိုရှုံ့မဲ့ချလိုက်၏။ထို့နောက် အရပ်တစ်တောင်ခန့်မျှမြင့်နေသူအားမေးငေါ့ပြကာ..
" ရေဝေးသွားမှာမို့ ဒီလိုဝတ်ထားတာလား "
သူပြောလိုက်တော့ ချန်ဒလာကမျက်မှောင်ကြုတ်ကာတစ်ချက်ကြည့်လာ၏။ထို့နောက်လက်ထဲကဆေးလိပ်ကိုမြေပြင်ပေါ်သို့လွှတ်ချကာစီးထားသည့်ဖိနပ်ဖြင့်ဖိချေပြီးလျှင်
" အပြင်သွားခါနီးစည်းမရှိကမ်းမရှိ မပြောရဘူးဆိုတာခင်ဗျားဦးနှောက်ကပဲမစဉ်းစားတတ်တာလား။ခင်ဗျားအဖေကပဲမသင်ပေးတာလား "
ပြောပြီးမှသူတောင်အနည်းငယ်နောင်တရချင်သွားသည်။ချန်ဒလာပြောတာဟုတ်သည်လေခရီးဝေးသွားရမဲ့ဥစ္စာသူကနထော်ကားယားကျွဲကားယားတွေပြောနေတာ။သူ့ဦးခေါင်းထဲချန်ဒလာ့ကိုအပြစ်ပြောချင်တဲ့စိတ်သာကြီးစိုးနေတာ။ဒီတစ်ခါတော့သူမှားသွားခဲ့သည်။
Part 24 U
Start from the beginning