Part 10 U

4.6K 209 8
                                    

ရှေ့ရှိကားပေါ်မှ လူတွေက သူတို့ဘက်စတိုက်မည်မဟုတ်ဆိုတာ ချန်ဒလာ အရိပ်အခြေ ကြည့်ရုံဖြင့်သိနိုင်သည်။နည်းနည်းလေးတောင်လှုပ်ရှားခြင်းမပြ ကိုယ်တွေဘက်က စတိုက်တာ စောင့်နေသည့်ပုံမျိုး။
နောက်ပြီး ဒီလိုအပေါစားကားတွေနှင့်လည်းသူမရင်းနှီး။ ကြည့်ရတာ သူ့ပြိုင်ဘက်တွေမဖြစ်နိုင် ထိပ်သီးမှမဟုတ်ရင် ဒီလိုငချွတ်တွေကို စာရင်းထဲတောင်ရှိမည်မဟုတ် ။  သူတစ်ယောက်ထဲသာဆို အကုန်လုံးကို စတိုက်နေမှာဖြစ်ပေမဲ့ ခုချိန်က ယိမ်းယိုင်မှိုင်းအနားက ကပ်ပါနေသည်။ ရှေ့နောက် တစ်ချက်စီလှည့်ကြည့်ကာ အကြံရသွားသည့်နှယ့် ယိမ်းယိုင်ဘက်ကို လှည့်ကာ ..

"" ကားကို drifting ဆွဲနိုင်လား ! ""

"" ဟင့်အင်း ""

ကျစ် !! ' ဘာမှကို မလုပ်တတ်ဘူး ! '

စုတ်တစ်ချက်သတ်ကာ ရှေ့ရှိခလုတ် တွေ ရှုပ်ရှုပ်ခက်‌နေသည့်ကြားထဲမှ တစ်ခုကိုနှိပ်လိုက်သည်နှင့် ကားထိုင်ခုံဘေးနားရှိအကန့်လေးကား  ပွင့်လာကာ သေနတ်နှစ်လက်အား ရှေ့သို့တွန်းပို့လိုက်သည့်နှယ့် ပေါ်ထွက်လာခဲ့သည် ။ ဒီတိုင်းကြည့်ရင်းရိုးရိုးတန်းတန်းသာထင်ရသည့်အတွက် ကားထဲ ဒီလိုတွေ ထည့်ထားမှန်းယိမ်းယိုင် မသိခဲ့။

"" မင်း ကားထဲ ဘယ်လိုလုပ်ပြီး !! ""

"" ကျုပ်လို ကောင်က တစ်နေရာနဲ့တစ်နေရာ လက်လွတ်စပယ်သွားမယ်ထင်နေလား !!""

"" ဒါပေမယ့် ဒါတွေက စည်းကမ်းနဲ့မညီ ... ""

"" အဟက် !! ချန်ဒလာဟေဒန်ဆိုတဲ့ကျုပ်က စည်းတွေနဲ့ဘောင်တွေနဲ့ ထိန်းချုပ်လို့ရတဲ့ကောင်မဟုတ်ဘူး ကျုပ်ဘဝမှာ ကျုပ်ကသာ အခရာပဲ
နားလည် ! ""

ပြောပြီးရှေ့သို့ပြန်လှည့်ကာ ကားကို လီဗာနာနာဆွဲလိုက်၏ ။ ထို့နောက် ရှေ့သုံးစီးနောက်သုံးစီး ပိတ်နေသည့်ကြားထဲမှ ကားကိုခပ်ပြင်းပြင်း ကြမ်းတမ်းစွာ  စက်ဝိုင်းပုံစံ drifting ဆွဲချလိုက်ပြန်သည်။

ယိမ်းယိုင် ကားခါးပတ်ကိုသာ နာနာဆုတ်ကိုင်ထားလိုက်သည်။ ချန်ဒလာသည် ရပ်မည့်ပုံမပေါ် ။ ထို့နောက် ကားလည်ပတ်နှုန်းဟာ တစ်ဖြေးဖြေးအရှိန်ရလာသည့်အခါ ခါးပါတ်ကြိုးကိုဖြုတ်ချကာ  ကားပြတင်းပေါက်ကို ဖွင့်လျှက် ခန္ဒာကိုယ်တစ်ဝက်ကို အပြင်ဘက်သို့ ထုတ်လိုက်သောကြောင့်
သူ့မှာ အလန့်တကြား အော်လိုက်ရသေးသည်။

CHANDLER { Ongoing }Where stories live. Discover now