Part 16 U

3.4K 190 11
                                    

ချန်ဒလာအိမ်ပြန်ရောက်သည့်တိုင်တစ်အိမ်လုံးဟာတိတ်ဆိတ်ငြိမ်သတ်လျှက်။ပုံမှန်ဆိုမိပုမဟုတ်တောင်အဘစံက အလောတကြီးပြေးလာတတ်သည်။ခုသူ့ကိုတစ်ယောက်မှအရေးမစိုက်ကြတာလား။စိတ်ရှုပ်စွာဖြင့် အင်္ကျီမှကြယ်သီးနှစ်လုံးလောက်ကိုဖြုတ်ချလိုက်သည်။အင်္ကျီအောက်မှပလက်တီနမ်ဆွဲကြိုးလေးနှင့် လည်ပင်းပေါ်မှတတ်တူးတို့ဟာလိုက်ဖက်ညီနေလေသည်။ခပ်ထူထူမျက်ခုံးမွှေးတို့ဟာလည်း ထိလုမတတ်။

"" ကားယူသွား မင်းပြန်တော့ ! ""

"" ဟုတ်ကဲ့ သခင်လေး ""

မတ်စ်ကချန်ဒလာ့ကို ခေါင်းတစ်ချက်ငြိမ့်ပြကာ ထွက်သွားလေသည်။သူတို့တွေဘယ်သူမှ အိမ်ထဲထိမရောက်ဖူးကြ။ခြံပြင်အထိသာရောက်ဖူးကြသည်။သူတို့အပြင်ကနေလှမ်းကြည့်သလောက်အိမ်ကြီးဟာ ရှေးခေတ်ပုံစံမျိုးပင်။လမ်းတစ်လျှောက်ပန်းချီကားချပ်တွေဟာများလှသည်။သခင်လေးက ပန်းချီတွေဘာတွေစိတ်ဝင်စားသူမဟုတ်။ ဒါဆိုသခင်လေးရဲ့ အိမ်သားတစ်ယောက်ယောက်ဟုသာသူကောက်ချက်ချလိုက်သည်။

' လက်ရာတွေက တကယ်အသက်ဝင်လွန်းတယ်ကွာ
တစ်ခုလောက်ဖြုတ်ပြီးရောင်းစားချင်တယ် '

ဧည့်ခန်းအတွင်း‌၌လည်းဘယ်သူမှမရှိ။မီးဖိုချောင်၌ကောပင်။ ဧည့်ခန်းအတွင်းရှိဆိုဖာပေါ်မှာ Coat အင်္ကျီကိုပစ်ချခဲ့ကာ အိမ်ပေါ်ထပ်သို့သာတတ်လာခဲ့သည်။လှေကားတွေကိုတစ်ထစ်ချင်းကျော်ဖြတ်ရင်း အိမ်ပေါ်ထပ်ရောက်ခါနီးလေ ရယ်သံတို့ဟာခပ်လွင့်လွင့်နဲ့ပိုပြီးကြားလာလေဖြစ်သည်။သူမရှိတာတော်တော်ပျော်နေကြတယ်ထင်တယ်။ငါကလဲ ဒီလိုအပျော်လေး‌တွေ ဖျက်လို့ဖျက်စီးလုပ်ရတာပါတယ်လေ။အဟက် ကွက်တိပေါ့။

အိမ်ပေါ်ထပ်ရောက်သည်အထိသူ့ကိုမမြင်ကြ။သူကလည်းတိုင်တစ်ခုကိုမှီကာ စိမ်ပြေနပြေကြည့်နေလိုက်သေးသည်။ ' အဟက် ချန်ဒလာ့ကို သွေးတိုးစမ်းချင်နေကြတာ '

"" ဒါဘာလုပ်နေကြတာလဲ !! ""

အဘစံကကုလားထိုင်ပေါ်ထိုင်ကာ အောက်မှာဝိုင်းဖွဲ့ထိုင်နေကြသူတွေကိုကြည့်ကာ ခပ်ပြုံးပြုံး။ မိပု၊ယိမ်းယိုင်မှိုင်း၊ နောက်ပြီးသူရှေ့ရှိလူတစ်ယောက်။
ချန်ဒလာရဲ့ ခပ်ဩဩအသံတို့ကြားသည်နှင့်အလန့်တကြား အကုန်လုံးပြိုင်တူထရပ်လိုက်ကြသည်။ခုမှသာအစောတုန်းကယိမ်းယိုင်မှိုင်း၏ကိုယ်နှင့်ကွယ်နေတဲ့လူကို မြင်လိုက်ရသည်။
' ကိုစိုးသူလွင် '

CHANDLER { Ongoing }Where stories live. Discover now