"တောက်!"
ရာရာက စည်းစိမ် ကိုတစ်လှည့် တစ်ဖက်ကအမျိုးသမီးနှစ်ယောက်ကိုတစ်လှည့်ကြည့်ပြီးတော့ တောက်တစ်ချက်ပြင်းပြင်းခေါက်လိုက်သည်။
"မဝတ်ဘူးကွာ! နင်တို့ဆိုင်က အဝတ်တွေမဝတ်ဘူး!"
အဝတ်တွေကို ကြမ်းပြင်ပေါ်ဆောင့်ချပြီး ရာရာက ဖျက်ဆီးပစ်သည်။
"ငါ့ကို အဲ့လိုစောက်ချိုးလာမချိုးနဲ့! ခင်များလည်းကောင်းကောင်းမွန်မွန်လူကို အလုပ်ခန့်တတ်အောင်လုပ်!"
တစ်ဖက်အမျိုးသမီးနှင့် ဒီဇိုင်နာအစ်မကတော့ သောင်းကျန်းနေတဲ့ ရာရာ့ကို မကျေမချမ်းဖြင့်ကြည့်နေကြသည်။
"သွားမယ် ကိုကို! ပိုက်ဆံရှိရင် ကြိုက်တဲ့ဆိုင်ရွေးဝယ်လို့ရတယ်!"
"ကားပေါ်ကစောင့်နေ"
"ကိုကို!"
"ကိုကို့စကားကိုနားထောင် ရာရာ"
ရာရာက ဆောင့်ကြီးအောင့်ကြီးဖြင့်ပဲ ဆိုင်ထဲကနေထွက်သွားပါသည်။
ရာရာမရှိတော့မှပဲ တစ်ဖက်အမျိုးသမီးတွေကို ပြေရာပြေကြောင်းတောင်းပန်ဖို့ စည်းစိမ် စကားစရပါတော့သည်။
***********************************************
(ဆက်ရန်)
(၃၀.၄.၂၀၂၄)
Don't forget this part//
(Zawgyi)
အဖေနှင့်အမေက အလုပ်ကိစ္စကြောင့် အန်တီထိပ်ထား တို့အိမ်လာတော့ စည်းစိမ် လည်းလိုက်လာခဲ့လိုက်သည်။ဒီတစ်ခါနဲ့ဆို သုံးခါမြောက်ရှိပြီဖြစ်ပေမယ့် မင်းအခရာ ဆိုတဲ့ကလေးငယ်ကတော့ စည်းစိမ် ကိုအလိုမကျသလိုကြည့်တတ်တုန်း။သို့သော် တစ်ဦးတည်းသောသား စည်းစိမ် ကတော့ ရာရာ့လို ဂျစ်ကန်ကန်ညီလေးကို အသည်းတယားယားရှိလှပါသည်။
"မင်းက ဆော့လည်းမဆော့တတ်ဘူးကွာ!"
ခပ်စူးစူးအသံလေးကြောင့် သူပြုံးမိသည်။အမြဲတမ်းဆော့နေကျကလေးငယ်ထက်စာရင်တော့ စည်းစိမ် ပုံကပ်တွေကို အချိန်မှီမစီတတ်တာအမှန်ပါ။
"ကိုကိုက အခုမှပထမဦးဆုံးဆော့ဖူးလို့ပါ ရာရာရဲ့"
"ဘာမှမဟုတ်ဘူး၊ အသက်ကြီးပြီးဦးနှောက်မကောင်းတာ"
Your Command-4
Start from the beginning
