"ရာရာ"
"ကိုကို ခံရလို့လား! ငါ့ခါးနာသွားတာလေ!"
"အင်းပါ၊ ဒါပေမယ့် သူကတမင်လုပ်တာမှမဟုတ်တာ၊ မတော်တဆဖြစ်တာလေ၊ ရာရာ ခွင့်လွှတ်ပေးလိုက်နော်"
"ဟက်! တမင်လုပ်တာလားမလုပ်တာလားဆိုတာ သူကိုယ်တိုင်ပဲသိမှာပေါ့!"
တစ်ဖက်အမျိုးသမီးက ဒီဇိုင်နာအစ်မရဲ့ဘေးနားမှာ ခေါင်းငုံ့ကာရပ်နေသည်။ဒီဇိုင်နာအစ်မက သူ့ဝန်ထမ်းအဆင်ပြေနေတော့မှ ရာရာ့ကိုကြည့်လာပြီး
"sorry ပါမောင်လေးရယ်၊ အစ်မကပဲကြားထဲကနေတောင်းပန်ပါတယ်၊ အသားကအပျော့သားဆိုတော့ လက်အရှိန်လွန်သွားတာဖြစ်မှာပါကွယ်"
"ဘယ်သူမှကြားထဲကနေပြောပေးစရာမလိုဘူး! သူလုပ်တာ သူပဲတောင်းပန်ရမှာပေါ့"
ရင်ခွင်ထဲကနေအတင်းရုန်းထွက်နေသူကို စည်းစိမ် မလွှတ်ပေးဘဲ တင်းတင်းဖက်ထားလိုက်တော့ ဒေါသမျက်လုံးတွေဖြင့်မော့ကြည့်လာသည်။
"ရာရာ!"
စည်းစိမ် လည်းနာမည်ကို ခပ်ဆတ်ဆတ်လေးခေါ်ပေးလိုက်တော့မှ မျက်မှောင်ကျုံ့သွားပြီးဆက်မရုန်းတော့ပါ။
"တောင်းပန်ပါတယ်ရှင်"
ထိုအချိန် တစ်ဖက်အမျိုးသမီးမှ တောင်းပန်လာသည်။စည်းစိမ် ရော ဒီဇိုင်နာအစ်မရော မတိုင်ပင်ထားပါဘဲ သက်ပြင်းချလိုက်မိကြပေမယ့်
"ဟက်! နင့်ရဲ့မျက်လုံးကိုရော ပါးစပ်ရော လက်ရော သုံးစားမရအောင်လုပ်ပေးမယ်!"
တစ်ဖက်အမျိုးသမီးအား ကိုယ်ထိလက်ရောက် လုပ်တော့မယ့်ပုံစံဖြင့် ရာရာ ကရှေ့တိုးသည်။
"ရာရာ!"
"မောင်လေး! တောင်းပန်နေပြီပဲ လွန်မလာပါနဲ့"
ရာရာက ကိစ္စသေးသေးကိုပုံကြီးချဲ့သလိုဖြစ်နေသည်။
"ရာရာ! ကိုယ်ပြောနေတယ်လေ၊ မင်းဘယ်လိုဖြစ်လို့စိတ်အလိုလိုက်နေတာလဲ!"
"ကိုကိုဘာသိလို့လဲ! ငါကခံရတဲ့လူလေ!"
"သိတယ်! ကိုကို သိတယ် ရာရာ၊ စိတ်ကိုအရင်လျှော့လိုက်၊ ကိုကိုပြောသလိုလုပ်၊ ဟုတ်ပြီနော်၊ စိတ်ကိုလျှော့လိုက်"
Your Command-4
Start from the beginning
