Your Command-4

Mula dari awal
                                        

"မွှေလိုက်ဦးနော်"

"အွန်း"

ဒီနေ့ စည်းစိမ် ရဲ့နေ့လယ်စာကတော့ ဗိုက်ဆာနေတဲ့ ရာရာ့ကိုခွံ့ကျွေးလိုက် သူစားလိုက်နဲ့ပဲပြီးသွားခဲ့ပါသည်။

:

နေ့လယ်စာစားပြီး ဝယ်ထားတာတွေရှင်းပြီးတော့ suitဆိုင်ကို ဦးတည်ခဲ့ကြသည်။

"အကုန်ပြီးသွားပြီ၊ မောင်လေးတို့ဝတ်ကြည့်လိုက်ကြနော်၊ လိုနေတာရှိရင် ပြင်ရအောင်"

ဒီဇိုင်နာအစ်မက suit နှစ်စုံကို သူတို့လက်ထဲထည့်ပေးလာသည်။

စည်းစိမ်ရော ရာရာရော အဝတ်လဲခန်းတစ်ခုတည်းကိုသာ အသုံးပြုလိုက်ကြသည်။ဝတ်ရခက်နေတာမျိုးရှိရင် အချင်းချင်းကူညီပေးနိုင်ရန်အတွက်။

စည်းစိမ် ရဲ့ဝတ်စုံကကွက်တိဖြစ်ပေမယ့် ရာရာ့ဝတ်စုံကတော့ ခါးနည်းနည်းချောင်ချင်နေသည်။

"မုန့်စားလာတာတောင် ခါးနည်းနည်းချောင်ချင်နေတယ်"

"အစ်မသီပေးမယ်နော်၊ ညီမလေးရေ ပင်အပ်ထိုးကြည့်လိုက်"

ဒီဇိုင်နာအစ်မက အကူအမျိုးသမီးကိုပြောလိုက်ပြီး ဘယ်လောက်သီရမလဲကြည့်ရန်ပြင်သည်။အကူအမျိုးသမီးက ရာရာ့ခါးကအင်္ကျီစကိုကိုင်ကာ ပင်အပ်တွယ်ကြည့်လိုက်တယ်ဆိုရင်ပဲ

"အာ့! နင်!"

"အမေလေး!"

ဘုတ်!

ပင်အပ်က ရာရာ့ခါးကိုထိုးမိသွားပြီး ရာရာဟာလည်း တစ်ဖက်အမျိုးသမီးရဲ့ပုခုံးကိုဆောင့်တွန်းပစ်လိုက်သည်။

"ရာရာ!"

အဖြစ်အပျက်ကမြန်ဆန်လွန်းတာမို့ စည်းစိမ် အလျင်အမြန်ပဲ ရာရာ့ကိုပုခုံးကနေဆွဲဖက်ထားလိုက်ရသည်။ဒီဇိုင်နာအစ်မကတော့ လဲကျသွားတဲ့အမျိုးသမီးကို ကမန်းကတမ်းထူနေပါသည်။

"ရာရာ စိတ်လျော့၊ မတော်တဆဖြစ်တာလေ"

ရာရာက သူ့အသားနည်းနည်းနာရင်တောင် လုံးဝပေါက်ကွဲတတ်တဲ့လူမျိုးဖြစ်သည်။အန်တီထိပ်ထားရဲ့အလိုလိုက်မှုတွေကြောင့် ရာရာကသူ့ကိုယ်သူ အမှားနည်းနည်းတောင်ဖြစ်ခွင့်မရှိတဲ့လူတစ်ယောက်လို့ခံယူထားပါသည်။အခုလည်း တစ်ဖက်အမျိုးသမီးကို မကျေမချမ်းဖြင့်စူးစိုက်ကြည့်နေသည်။

Your Command (pause)Tempat di mana cerita hidup. Terokai sekarang