Your Command-4

Začít od začátku
                                        

စည်းစိမ် တို့ရဲ့စေ့စပ်ပွဲအတွက်ဝတ်စုံတွေက ဒီဇိုင်နာဆီမှာအပ်ထားတာဖြစ်သည်။

"လက်စွပ်က..."

"လက်စွပ်က မေမေကြီးစီစဉ်ထားတာပဲလေ၊ ဘယ်လိုပုံလဲဆိုတာ ငါတောင်မသိရဘူး၊ suprise လို့တော့ပြောတာပဲ ကိုကို"

"အင်းပါ၊ အကုန်အဆင်ပြေရင်ပြီးတာပါပဲ"

စကားတပြောပြောဖြင့်စောင့်နေကြရင်း ခဏအကြာမှာတော့ စားစရာတွေရောက်လာလေပြီ။

ရာရာကတော့ ဗိုက်ဆာနေမှန်းသိသာစွာ ပန်းကန်ချတာနဲ့စစားဖို့ပြင်တော့သည်။

"ပူမယ်နော် ရာရာ"

"ဖူးး..ဖူးး"

"ခဏလေး ကိုယ်မွှေပြီးအအေးခံပေးမယ်၊ မြန်တယ်"

"အွန်း"

ရာရာ့ ကော်ရည်ခေါက်ဆွဲပန်းကန်ကိုယူပြီး အပေါ်အောက်မွှေကာ စည်းစိမ် အအေးခံပေးလိုက်သည်။နွေးတေးတေးအနေအထားရောက်မှသာ ပြန်ပေးလိုက်တော့ ရာရာက ခေါင်းမဖော်တမ်းစားပါတော့သည်။ဒီကောင်လေး လမ်းလျှောက်တာများသွားပြီး ဗိုက်ဆာနေတာ။

ဖက်ထုပ်တစ်ခုယူကာ စည်းစိမ် လေမှုတ်လိုက်ပြီးတော့မှ ရာရာ့ နှုတ်ခမ်းအနားတိုးပေးရင်း

"အင့် ဖက်ထုပ်စားဦး၊ မပူတော့ဘူး"

ရာရာက ခပ်မြန်မြန်ပဲ စည်းစိမ် ခွံ့ကျွေးတာကိုစားပြီး ကောင်းကြောင်းခေါင်းတဆတ်ဆတ်ညိမ့်သည်။

"ထမင်းပေါင်းစားဦးမလား"

"နည်းနည်းမြည်းကြည့်မယ်"

ထမင်းတစ်လုတ်စာအပေါ် အသားဖက်တွေတင်ပြီး စည်းစိမ် ခွံ့ပေးလိုက်ပြန်တော့ ရာရာ ကပါးလေးဖောင်းသည်အထိစားသည်။

"ကောင်းလား"

"အွန်း"

"သေချာဝါးဦး"

"ဝါးပါတယ် ဒေါက်တာကြီးရဲ့"

ရာရာက မျက်လုံးလေးထောင့်ကပ်ကြည့်ပြီး ဖျော်ရည်ပိုက်စုပ်နေတာမို့ စည်းစိမ် ပြုံးမိသည်။ကောင်ငယ်လေးက သူ့ကိုကလေးလိုဆက်ဆံရင်လည်းမကြိုက်ပြန်ဘူး။

"ကိုကိုလည်းစားဦး"

"စားပါတယ်ဗျာ"

"ကိုကို့အအေးသောက်ကြည့်မယ်"

Your Command (pause)Kde žijí příběhy. Začni objevovat