ရာရာကစျေးဝယ်ထွက်လျှင် လိုချင်တာမှန်သမျှကို နှစ်ခါမစဉ်းစားဘဲဝယ်တတ်ပေမယ့် စည်းစိမ် ကတော့အမှန်တကယ်လိုအပ်တဲ့အရာမှသာဝယ်သည်။အခုလည်း စျေးတွန်းလှည်းထဲမှာ ရာရာဝယ်ထားသမျှပစ္စည်းတွေနှင့်ပြည့်နေလေပြီ။
စားသောက်ဆိုင်ရှေ့ဖြတ်တော့ ရာရာ့ရဲ့ခြေလှမ်းတွေရပ်သွားပြီး စည်းစိမ် ကိုမော့ကြည့်လာသည်။
"ကိုကို ဗိုက်မဆာဘူးလား"
"ရာရာ ဗိုက်ဆာနေပြီလား"
"အွန်း ဆာနေပြီ၊ ဒီဆိုင်ပဲဝင်ကြရအောင်"
"ဝင်လေ၊ ကိုယ် လှည်းကိုကောင်တာမှာ သွားအပ်ထားလိုက်ဦးမယ်"
"သွားအပ်လေ၊ ဝင်ထားနှင့်မယ်"
"အင်း"
စည်းစိမ် လှည်းသွားအပ်ပြီးဆိုင်ထဲဝင်လာတော့ ရာရာ ကထောင့်ဆုံးခုံမှာနေရာယူထားပြီး မီနူးကဒ်ကြည့်နေသည်။ရာရာ့ ရဲ့မျက်နှာချင်းဆိုင်ကခုံမှာ စည်းစိမ် ဝင်ထိုင်လိုက်သည်။
"ကိုကို ဘာစားမှာလဲ"
"ထမင်းပေါင်းစားမယ်"
"ဝက်သားနဲ့မလား"
"အင်း"
"အမ်းး ထမင်းပေါင်းဝက်နဲ့တစ်ပွဲ ကော်ရည်ခေါက်ဆွဲတစ်ပွဲ ငါးဖယ်ရောဘဲဥရောထည့်မယ်၊ နောက်ပြီး ဝက်သားဖက်ထုပ်ကြော်တစ်ပွဲ"
ရာရာ အစားအသောက်မှာနေတဲ့အချိန် စည်းစိမ် ကဖန်ခွက်နှစ်ခွက်ကိုတစ်သျှူးဖြင့်အသေအချာသုတ်နေသည်။
"အအေးဘာသောက်မှာလဲ ကိုကို"
"စတော်ဘယ်ရီ"
"အဲ့ဒါဆို အအေးက စတော်ဘယ်ရီရယ် စပျစ်ရယ်၊ အသီးဖျော်ရည်နော်"
"ဟုတ်ကဲ့"
"အင်း အဲ့ဒါပဲ"
"ဟုတ်ကဲ့၊ ခဏလေးစောင့်ပေးပါနော်"
ဝိတ်တာထွက်သွားတော့မှ စည်းစိမ် ထည့်ပေးထားတဲ့ ရေသန့်ကို ရာရာ ကတစ်ကျိုက်မော့သောက်လိုက်သည်။
"ဒါပြီးရင် ဘာဝယ်စရာရှိသေးလဲ ရာရာ"
"ဝယ်စရာမရှိတော့ဘူး၊ မနက်ဖြန်ဝတ်မယ့် suit ပဲသွားယူရတော့မှာ၊ စောစောသွားယူတာကောင်းမယ်၊ အဲ့ဒါမှ မတော်ရင် ပြင်တာဆင်တာလုပ်လို့ရမှာ"
Your Command-4
Start from the beginning
