***********************************************

"ဟဲလို! မတွေ့ရတာကြာပါရောလား သတို့သားအလောင်းကြီး"

"မင်းပဲ သတို့သားအလောင်း! စေ့စပ်ရုံပါကွာ"

သူငယ်ချင်းဖြစ်သူ ထက်ဉာဏ် ကအခန်းထဲဝင်လာကတည်းက တန်းစနေသည်။

"ဪ အဲ့တော့ တစ်ဝက်အလောင်းဖြစ်တာပေါ့"

"မင်းပဲ အလောင်းဖြစ်"

"ဟားဟားဟား"

အေးအေးဆေးဆေးနေတတ်တဲ့ စည်းစိမ် ကိုစနေရရင်ကို ထက်ဉာဏ် ကအူမြူးနေတတ်တာပင်။အထက်တန်းကတည်းကပေါင်းလာကြတဲ့သူငယ်ချင်းတွေဆိုတော့လည်း ပြောမနာဆိုမနာတွေဖြစ်သည်။

ထက်ဉာဏ် က စည်းစိမ် ရဲ့မျက်နှာချင်းဆိုင်ခုံမှာပြုံးစိစိဖြင့်ဝင်ထိုင်သည်။အရပ်က စည်းစိမ် လောက်မရှည်ပေမယ့်လည်း အသာဖြူဖြူ ပိန်ပိန်ပါးပါးဖြင့် ထက်ဥာဏ် ကသာမာန်ထက်ချောတဲ့ထဲမှာပါသည်။သို့သော် ရုပ်နှင့်မလိုက်အောင် လူရွှင်တော်ဗီဇလည်းပါသည်။

"အခုတလောမတွေ့ဖြစ်နေတာ၊ ပြန်တွေ့တော့လည်း ငါ့သူငယ်ချင်းကြီးက မင်္ဂလာသတင်းနဲ့ပါလား"

"အင်း"

"နေပါဦး ရုတ်တရက် စေ့စပ်ပွဲအစီအစဉ်ကဘယ်လိုဖြစ်တာလဲ"

"အန်တီထိပ်ထား စပြီးစီစဉ်တာပါ၊ ငါလည်း လက်မခံစရာမရှိဘူးလေ"

"အန်တီကြီးက သူ့သားလေးအတွက် မင်းကိုလုံးဝချုပ်လိုက်တာပေါ့လေ"

"ချုပ်စရာမလိုပါဘူးကွာ၊ မချုပ်လည်း ရာရာက ငါ့သက်ဆိုင်သူဖြစ်လာမယ့်လူပဲကို"

"ရာရာ့ကို မင်းဘယ်လိုချစ်သွားလဲ ငါမစဉ်းစားနိုင်သေးတာ အခုအချိန်ထိပဲ"

ထိုစကားကြောင့် စည်းစိမ် ကပြုံးရုံသာပြုံးသည်။

"နောက်တစ်ပတ်စနေမလား၊ ငါသေချာပေါက်လာခဲ့မယ်နော်"

"မလာလို့လည်းမရပါဘူး"

စည်းစိမ် ရဲ့စကားကြောင့် ထက်ဉာဏ် ကရယ်သည်။

"ဒါဆို မင်းကငါ့ထက်အရင် အိုတော့မယ့်သဘောမှာရှိတာပေါ့နော်"

"ငါ့လက်ထပ်ပွဲမတိုင်ခင် မင်းအရင်အိမ်ထောင်ကျသွားနိုင်တာပဲ"

Your Command (pause)Where stories live. Discover now