"ဪ ဦးနေက ဒီကို ရောက်နေတာကိုး''

''အင်း''

''ဟင် ဦးနေ နေလို့မကောင်းဘူးလား''

''ငါ ခေါင်းတွေ ကိုက်လာလို့'''

''ဟုတ်လား အိမ်ကို ပြန်ရအောင်လေ အနော်တွဲမယ်လာ''

''အင်း'''

''နေတင် ရလား အဆင်ပြေလား ကိုယ်ပါ လိုက်ပို့မယ်လေ''

''ရတယ် ကိုယ်သူနဲ့ပဲ ပြန်လိုက်တော့မယ် ဆရာမ သွားစို့''

သူ ပြန်ပြောရင်း ဆရာမရဲ့လက်ကို တွဲလိုက်တော့ သူ့ရင်ထဲမှာ နေရခက်နေတာ အနည်းငယ် လျော့ပါးသွားသလို ခံစားလိုက်ရသည် .....

"အသေးလေး''

''ရှင်'''

''ငါက ခုနက ခရမ်းရောင်ပန်းလေးတွေကို  မြင်ပြီးတော့  ရင်ထဲမှာ တစ်မျိုးကြီး ဖြစ်လာတာ ငါသိတယ် ထင်တယ်လို့ ခေါင်းကို အရမ်း အလုပ်ပေးမိလို့ ထိုးကိုက်လာတာ'''

သော်တာ့ရင်တွေ ဆောင့်ခုန်သွားရရင်း....

"ဟင် ဦးနေ''

သော်တာ ကိုကိုကြီးကို မော့ကြည့်လိုက်တော့ အတွေးတွေ ရှုပ်ထွေးနေဟန်နဲ့  မျက်နှာက တော်တော်လေး မကောင်းရှာ....

ခရမ်းရောင်ပန်းတွေအပြင် တခြားကော ဘာတွေ သတိရသေးလဲလို့  သော်တာ မေးလိုက်ချင်ပေမယ့်  သိချင်စိတ်တွေကို  ကြိတ်မှိတ် မျိုသိပ်လိုက်ရင်း ....

"နောက်မှ တွေးတာပေါ့ ဦးနေရယ် အခုက ကျန်းမာရေးက ပိုအရေးကြီးတယ်လေ စိတ်ဖိစီးလောက်အောင်ကြီး မတွေးနဲ့နော် ဘာမှ မဖြစ်ဘူး''

''အင်း'''

''ကြာလာရင်တော့ ငါအားလုံးကို ပြန်မှတ်မိလာမှာပါကွာ နော် ဟုတ်တယ် မဟုတ်လား အသေးလေး "

''ဒါပေါ့  မှတ်မိလာမှာပေါ့ အနော့်ယောကျ်ား အဲ
ဦးနေက ဘယ်လောက်တောင်မှ တော်လိုက်သလဲ  သတိတွေလည်းကောင်း ကိုယ်ခံအားကလည်းကောင်း'''

''ဟေ့ကောင် သိပ်မမြှောက်နဲ့ကွ  အခုတောင် ငါက ယိုင်ချင်ချင်''

'''ဟုတ်လား မနက်က ဦးနေစားတာ နည်းလို့ အနော်က နွားနို့နဲ့ကြက်ဥကြော်တာကို  နှမ်းနက်ကလေးပါ အပေါ်က ဖြူးထည့်ပြီး လိပ်ထားတာလေး ကျွေးမလို့ လာခေါ်တာ''

⚜️Nay Tin's Love Story⚜️Место, где живут истории. Откройте их для себя