ခါးသိမ်သိမ်ကိုသိုင်းဖက်ရင်း စည်းစိမ် ပြုံးလိုက်မိသည်။ဒီလိုလည်း မျက်မှောင်လေးကျုံ့ပြီး သဝန်တိုတတ်သေးတာ။
"သူများလုတိုင်းမပါဘူးမို့ ရာရာ စိတ်ပူမနေပါနဲ့"
"ကိုကို့ကိုစိတ်ချတယ်လို့ပြောပြီးပါရောလား မွ!"
စည်းစိမ် ရဲ့ပါးတစ်ဖက်ကိုနမ်းပြီးမှ ရာရာ ကရင်ခွင်ထဲခေါင်းတိုးဝင်လာတာမို့ စည်းစိမ် လည်းသိမ်းကျုံးဖက်ထားပေးလိုက်သည်။
"ကိုကို"
"ဗျာ"
"ငါတို့စေ့စပ်ရတော့မယ်၊ ပျော်စရာကြီး"
"အင်း၊ ကိုယ်လည်းပျော်ပါတယ်"
စည်းစိမ် ရဲ့လက်ထဲကိုရောက်လာတော့မယ့် စိန်ရိုင်းတုံးလေးကို သေချာသွေးပေးရမှာက စည်းစိမ် ရဲ့တာဝန်ဖြစ်သွားခဲ့ပြီပေါ့။ပြုပြင်လို့ရဖို့ပဲ မျှော်လင့်မိပါသည်။
***********************************************
(ဆက်ရန်)
(၂၉.၄.၂၀၂၄)
(Zawgyi)
"ရာရာ ညကညစာရောစားပြီးရဲ့လား၊ မောင်ဘုန်း လာပို့တုန်းက သားအရမ်းအိပ်မောကျနေလို့ မေမေကြီးမနှိုးတော့တာ"
"စားတယ် မေမေကြီး"
တို့ဟူးနွေးက အခရာ အကြိုက်ဆုံး အစားအစာဖြစ်တာမို့ခေါင်းမဖော်တမ်းစားဖြစ်သည်။အခရာ ကြိုက်တာမို့ မနက်စာအတွက် တစ်ပတ်မှာလေးရက်လောက် တို့ဟူးနွေးကို စီစဉ်ပေးကြသည်။
"ရာရာ"
"ဟုတ်ကဲ့"
"ဒီနှစ်ရော စာမေးပွဲပြန်ဖြေဦးမှာလား"
မေမေကြီးကို အခရာ အကဲခတ်ကြည့်လိုက်တော့ အခရာ စာမေးပွဲဖြေဖြေမဖြေဖြေ မေမေကြီးကကိစ္စမရှိသည့်ပုံပင်။အခရာ ကလည်း စာဆိုရင် အသံပင်မကြားချင်သည့်အထဲပါတယ်မို့ ဆယ်တန်းပြန်မဖြေချင်တော့ပါ။နှစ်နှစ်လောက်ဖြေလာတာလည်းအောင်မှမအောင်တာ။
"မဖြေချင်တော့ဘူး မေမေကြီး၊ ဆယ်တန်းမအောင်လည်းဘဝပျက်သွားတာမှ မဟုတ်တာ"
အချိန်တန် မေမေကြီးပေးခဲ့မယ့်အမွေဖြင့် ယပ်ခတ်စားမည့် အခရာ့ အတွက်တော့ ဘွဲ့တစ်ခုနှင့်အလုပ်တစ်ခုဆိုတာ လိုမနေပါ။နောက်ပြီး အခရာ့ မှာ ကိုကိုလည်းရှိသေးတာပဲ။
Your Command-3
Start from the beginning
