"အဖေတို့ကငြင်းစရာမရှိပါဘူး၊ အဓိကက သားရဲ့ဆန္ဒပဲလေ"

အမေကတော့ မချိပြုံးဖြင့်သာခေါင်းညိမ့်ပြသည်။အန်တီထိပ်ထားက စည်းစိမ် တို့မိသားစုကိုကြည့်ကာ တစ်ချက်ပြုံးလိုက်ပြီး

"ဒါဆို အစီအစဉ်အထမြောက်ပြီပေါ့၊ ကဲ အချိန်လည်းမနည်းတော့ဘူး၊ ထမင်းစားကြရအောင်လေ"

အန်တီထိပ်ထားရဲ့ဆော်ဩမှုနှင့်အတူ အကုန်လုံးထမင်းစားခန်းဆီဦးတည်လိုက်ကြတော့သည်။

ရာရာက ပျော်နေတယ်ထင်သည်။ထမင်းစားနေစဉ်တစ်လျှောက်လုံး စည်းစိမ် ရဲ့ပန်းကန်ထဲကို ဟင်းမျိုးစုံထည့်ပေးသည်။ရေကုန်ရင်တောင် သူကိုယ်တိုင်အမြန်ပြန်ဖြည့်ပေးသည်။ဒီလိုကျတော့လည်း တစ်မျိုးချစ်စရာမို့ စည်းစိမ် သဘောတကျပြုံးနေမိပါသည်။

ထမင်းစားပြီးသွားတော့ စည်းစိမ်နှင့်ရာရာ တို့ခြံထဲလမ်းလျှောက်ဖြစ်ကြသည်။လူကြီးတွေကတော့ ဧည့်ခန်းထဲမှာ စေ့စပ်ပွဲအကြောင်းထပ်မံဆွေးနွေးနေကြသည်။

"ရုတ်တရက်ကြီး စေ့စပ်ပွဲဆိုတော့ ကိုယ်အံ့ဩသွားတာတော့ အမှန်ပဲ"

"ဘာလဲ ကိုကိုက မစေ့စပ်ချင်လို့လား"

"မဟုတ်ဘူးဆိုတာ သိရဲ့သားနဲ့"

ရာရာက ပြုံးတုံ့တုံ့ဖြင့် စည်းစိမ် ရဲ့လက်ကိုဆွဲကာ ဒန်းပေါ်မှာထိုင်စေသည်။ထို့နောက် သူကိုယ်တိုင်ကတော့ စည်းစိမ် ရဲ့ပေါင်ပေါ်မှာ ဘေးတစောင်းထိုင်လာပါသည်။

"ကိုကို"

"ဗျာ"

"ငါက ကိုကို့ကိုစိတ်မချလို့လေ၊ အဲ့ဒါကြောင့် တစ်ဝက်ပိုင်ရအောင် အရင်လုပ်ထားတာ"

စည်းစိမ် မျက်ခုံးပင့်လိုက်မိသည်။

"ဘာ စိတ်မချစရာရှိလို့တုန်း ရာရာရဲ့"

ထိုအခါ ရာရာ့ရဲ့လက်ဖဝါးနှစ်ဖက်က စည်းစိမ် ရဲ့ပါးနှစ်ဖက်ပေါ်အုပ်မိုးကိုင်ရင်း အကြည့်ချင်းဆုံလာသည်။

"ကိုကို့ကိုစိတ်ချတယ် ဘေးလူတွေကိုစိတ်မချတာလေ၊ ဥစ္စာပေါ ရုပ်ချော ပညာတတ်လေးကို မျက်စိကျပြီး ငါ့ဆီကလုသွားရင်ဘယ်လိုလုပ်မလဲ၊ အဲ့ခါကျ လိုက်သတ်မိမလားပဲ၊ ကိုကို့ကို ငါပဲပိုင်တာ!"

Your Command (pause)Where stories live. Discover now