ကလင် ကလင် ကလင်

ဆေးခန်းကောင်တာမှဖုန်းမည်လာသံ။

"ဟဲလို သက်သာရာ ဆေးခန်းကပါရှင်"

"............."

"ဟုတ်ကဲ့ ရပါတယ်၊ နာမည်နဲ့အသက်လေးပြောပေးပါ"

".............."

"ဪ...ဟုတ်ကဲ့ဟုတ်ကဲ့၊ စောင့်နေပေးပါ့မယ်ရှင့်"

"............."

"ဟုတ်ကဲ့ပါရှင်"

မျိုးမျိုးက ဖုန်းချပြီးတာနဲ့ စည်းစိမ် ကိုကြည့်လာပြီး

"တုံကင်လှမ်းယူတဲ့လူနာပါ ဒေါက်တာ"

"အခုလား"

"ငါးနာရီခွဲလောက်မှတဲ့ ဒေါက်တာ"

"အင်း၊ စောင့်လိုက်တာပေါ့"

စည်းစိမ် လူနာကြည့်ခန်းထဲပြန်ဝင်သွားတဲ့အချိန် nurse နှစ်ယောက်ကတော့ မျက်နှာငယ်ဖြင့်ကျန်ခဲ့ကြသည်။ဒီနေ့တော့ စောစောပြန်ရပြီဆိုပြီး ပျော်နေခဲ့တာကို။

:

တုံကင်လှမ်းယူထားတဲ့လူနာက ခြောက်နာရီထိုးခါနီးလောက်မှသာရောက်လာသည်။လူနာကိုကြည့်ပေးပြီးတော့ ခြောက်နာရီခွဲနေလေပြီ။ရာရာကလည်း ဖုန်းဆက်ပြီးမြန်မြန်လာဖို့ပြောနေပြီ။စည်းစိမ် ရဲ့အဖေနဲ့အမေပါ ရာရာတို့အိမ်ရောက်နေတာတဲ့လေ။

ကားကိုအရှိန်မှန်မှန်ဖြင့်မောင်းလာရင်း လမ်းကွေ့တစ်ခုအရောက်မှာ စက်ဘီးတစ်စီးနှင့်မျက်နှာချင်းဆိုင်မိတာမို့ ဘရိတ်အုတ်လိုက်မိသည်။စက်ဘီးပေါ်ကကောင်လေးက တခြားလူတော့မဟုတ်။

စည်းစိမ် ကားမှန်ချလိုက်ရင်း

"ဘယ်ကပြန်လာတာလဲ ညီ"

"ဟုတ်ကဲ့၊ အလုပ်ကပါ ဒေါက်တာ"

ကောင်လေးက စက်ဘီးကိုတွန်းပြီး ကားဘေးမှာလာရပ်သည်။

"အဒေါ် သက်သာရဲ့လား"

"နေ့လယ်ကဖုန်းဆက်တော့ သက်သာတယ်ပြောတယ် ဒေါက်တာ"

"အင်းပါ၊ အဒေါ်ကသွေးတိုးသမားဆိုတော့ သေချာလေးဂရုစိုက်ဦး"

"ဟုတ်ကဲ့"

"ညီရော တံတောင်ကအနာပျောက်ပြီလား"

Your Command (pause)Where stories live. Discover now