***********************************************
Ring Ring Ring
ဖုန်းမည်လာသံကြောင့်ကြည့်လိုက်တော့ ခေါ်ဆိုသူက ရာရာ။လူနာကြည့်နေတုန်းမို့ မကိုင်ဖြစ်ဘဲထားလိုက်တော့ ဖုန်းကျသွားသည်။နောက်တစ်ခေါက်တော့ ထပ်ခေါ်မလာခဲ့။
"ဒီဆေးစာအတိုင်း ကောင်တာမှာထုတ်သွားလိုက်ပါ"
"ဟုတ်ကဲ့ ဆရာ၊ ကျေးဇူးတင်ပါတယ်"
"ဟုတ်ကဲ့ပါ"
လူနာထွက်သွားတော့မှ ရာရာ့ ဆီဖုန်းပြန်ခေါ်လိုက်တော့ တန်းကိုင်သည်။
"ရာရာ ခုနကဖုန်းခေါ်ထားလို့"
"ကိုကို လူနာကြည့်နေလို့လား"
"အင်း ကြည့်လက်စကြီးမို့"
"ကိုကို ဆေးခန်းကအပြန်အိမ်ကိုဝင်ခဲ့ဦး၊ ပြောစရာရှိလို့"
"အင်းပါ၊ ကိုယ်ဝင်ခဲ့မယ်နော်"
"အဟွတ်! ထမင်းကို အချိန်မှန်စားဦးနော်"
"ရာရာ ချောင်းဆိုးနေတာလား"
သူ့အမေးကြောင့် တစ်ဖက်ကရယ်သံသဲ့သဲ့ထွက်လာသည်။
"မဟုတ်ပါဘူး ဒေါက်တာကြီးရယ်၊ အအေးသောက်နေရင်းသီးသွားတာပါ"
"ဪ..အင်းပါ၊ နေပြင်းတယ် ရိုးရိုးရေများများသောက်ဦး"
"အင်းပါ၊ အဲ့ဒါဆို ဒါပဲ၊ ညနေမှတွေ့မယ်"
"အင်း အင်း ရာရာ"
ရာရာ့ ဘက်ကဖုန်းချသွားပြီးတဲ့နောက် သူလည်းလူနာဆက်ကြည့်ဖို့ပြင်ရပါသည်။
:
ဒီနေ့ကတော့လူနာသိပ်မကျတာမို့ အတန်ငယ်အနားရတယ်လို့ဆိုရမည်။ညနေခင်းရောက်တဲ့အချိန်ကျ လူနာမရှိတော့ပါ။
ကောင်တာက ဖုန်းကြည့်နေတဲ့ nurseနှစ်ယောက်အနား စည်းစိမ် သွားလိုက်သည်။
"လူနာမရှိရင် ဆေးခန်းစောစောပိတ်ကြတာပေါ့၊ ကျွန်တော်လည်း သွားစရာရှိလို့"
"ဟုတ်ကဲ့ ဒေါက်တာ"
"ဟုတ်ကဲ့"
nurseနှစ်ယောက် ပျော်သွားပုံရသည်။စည်းစိမ် နာရီကိုကြည့်လိုက်တော့ ငါးနာရီထိုးပြီးနေပြီဖြစ်သည်။
Your Command-3
Start from the beginning
