"ဗျာ"
"မောင်ဘုန်းနဲ့သား အေးဆေးပဲမလား"
"အေးဆေးပါပဲ မေမေကြီး၊ ဘာဖြစ်လို့လဲဟင်"
"မေမေကြီး စဉ်းစားမိတာတစ်ခုရှိလို့"
"ဘာများလဲ မေမေကြီး"
"သားတို့နှစ်ယောက်ကို စေ့စပ်ပေးထားရင် ကောင်းမလားလို့လေ၊ ရာရာ ဘယ်လိုသဘောရလဲ"
မေမေကြီးကို အခရာ ကြည့်နေမိတော့ မေမေကြီးထပ်ပြောလာသည်က
"မောင်ဘုန်းက အစစအရာရာပြည့်စုံတဲ့အမျိုးသားတစ်ယောက်လေ၊ လိုချင်တဲ့လူတွေလည်းပုံနေမှာပဲ၊ မောင်ဘုန်းကစိတ်ချရပေမယ့် တခြားလူတွေကစိတ်မချရတာမို့ ရာရာ တံဆိပ်ကပ်ထားလိုက်သင့်တယ်လို့ မေမေကြီးတော့ထင်တယ်"
အခရာ့ ရဲ့မျက်ခုံးညိုလေးတွန့်ချိုးသွားပြီး အောက်နှုတ်ခမ်းကိုအသာဖိကိုက်လိုက်သည်။ကိုကို့ကို တခြားလူကယူသွားမယ်လို့ တွေးကြည့်လိုက်တာနဲ့တင် အခရာ ဒေါသထွက်လွန်းလို့ ရူးသွားနိုင်သည်။ဘုန်းစည်းစိမ်ပြည့် ဆိုတဲ့အမျိုးသားကို ဟိုးအရင်ကတည်းက အခရာ ပဲပိုင်လာခဲ့တာလေ။အခုမှ ကိုကို့ဆီ လာနွယ်တဲ့အပင်ရှိလာခဲ့ရင် အမြစ်ကနေခုတ်ပေးလိုက်ပါမည်။
"စေ့စပ်မယ် မေမေကြီး၊ မေမေကြီးက ကိုကို့မိဘတွေကိုပြောလိုက်၊ သားက ကိုကို့ကိုပြောလိုက်မယ်၊ အခုချက်ချင်း မေမေကြီး"
"အင်း စေ့စပ်ပွဲကို မေမေကြီး နေ့ကောင်းရက်သာပါ တစ်ခါတည်းရွေးလိုက်မယ်"
"ဟုတ်ကဲ့ မေမေကြီး"
အခရာ ပီပီပြင်ပြင်ပြုံးမိသည်။လက်ထက်တာမဟုတ်ပေမယ့်လည်း စေ့စပ်တယ်ဆိုတာက ကိုကို့ကို တစ်ဝက်ပိုင်ဆိုင်လိုက်ရသလိုမို့ အခရာ ပျော်ပါသည်။ဒီအကြံကို အရင်ကတည်းက ဘာလို့များမစဉ်းစားမိခဲ့ပါလိမ့်။
***********************************************
"မေမေ အဲ့ဒါဆို သားအလုပ်သွားတော့မယ်နော်"
"အေးအေး သားသား"
"အစားကိုသေချာစား ဆေးသောက်နော်မေမေ၊ ရေလည်းများများသောက်ဦး"
"အင်းပါ သားသားရယ်၊ စိတ်ချလက်ချ အလုပ်သွားပါ၊ စက်ဘီးကိုဂရုတစိုက်နင်း၊ အနာတရမရစေနဲ့၊ အနာတစ်ခုတောင်အရှင်းပျောက်သေးတာမဟုတ်ဘူး"
Your Command-3
Začít od začátku
