အပိုင်း(34)

Mulai dari awal
                                    

''ကိုယ်လဲပေးထားတာ အိပ်ရာခင်းတွေရော ရာရာရဲ့အကျီရောအကုန်လဲပေးထားတာ''


''အင်းပါ...သခင့်သားက..သခင်နဲ့သိပ်တူတယ်နော်''

မိုရာက နို့စို့နေတဲ့သားကိုကြည့်ရင်ပြောလိုက်တော့ခါရူးကပါသားကိုကြည့်ပြီး

''အင်း..သားက ကိုယ်နဲ့တူတယ် ကျေးဇူး တင်ပါတယ်ရာရာ..ကိုယ့်အတွက်သားလေးမွေးပေးလို့''


''မလိုပါဘူး... ဒါကမိုရာ့ရဲ့တာဝန်ပဲလေပြီးတော့ မိုရာကိုယ်တိူင်လဲခါရူးရဲ့ရင်သွေးလေးတွေကိုမွေးပေးရတာကိုနှစ်သက်ပါတယ်''


မိုရာကိုယ့်ဘာသာပြောပြီးကိုယ့်ဘာသာရှက်သွားတာမို့နို့စို့နေတဲ့သားကိူသာငုံ့ကြည့်နေလိုက်မိသည်။သားက အသားလေးဖြူဖွေးနေပြီး မျက်ခုံး မျက်လုံးက သခင်နဲ့တူသည်။ပါးလေးနှစ်ဖက်ကဖောင်းနေပြီးပါးဆုံနှစ်ဖက်ကမို့တက်နေကာနီရဲနေတာကိုကြည့်ပြီးမိုရာအသည်းယားလာတာမို့ပါးလေးကိုငုံ့နမ်းမိတော့သားဆီကအသံတအဲ့အဲ့ထွက်ပေါ်လာသည်။


''အဟင်း..သားကသူနို့စိူ့နေတာကိုနှောင့်ယှက်တာမကြိုက်ဘူးဖြစ်ရမယ်''


''ဟုတ်လောက်တယ်... '''


''အင်း...မိုရာ ဘာမှမစားရသေးဘူးလေ အဲ့တာကိုယ်စွတ်ပြုတ်လုပ်ပေးထားတယ်ပြီးရင်သောက်လိုက်နော်''


''ဟုတ်ကဲ့.. ''

ခါရူးကပြောပြီး အပြင် ကိုထွက်သွားသည်။ပြန်ဝင်လာတော့ စွပ်ပြုတ်ခွက်ကိုပါတစ်ပါတည်းယူလာပြီးဘေးကစားပွဲပေါ်မှာတင်ပေးထားသည်။သိပ်မကြာလိုက်သားကနို့စိူ့နေရင်းအိပ်ပျော်သွားတာကြောင့်သားကိုအိပ်ရာပေါ်ကိုချပေးပြီးစောင်အထူလေးခြုံပေးလိုက်သည်။ဆောင်းတွင်းရောက်နေပြီဆိုတော့အေးလာပြီမို့လို့သားကိုနွေးနေအောင်သေချာစောင်နဲ့ထုတ်ပြီးမှ ခါရူးယူလာတဲ့စွပ်ပြုတ်ကိုသောက်လိုက်သည်။မနက်ကလဲခါးကိုက်နေတာကြောင့်သိပ်ပြီးမစားဖြစ်နေ့ခင်းပိုင်းကျတော့လဲသားကိုမွေးတာနဲ့ မွေးပြီးတော့အိပ်ပျော်သွားတာမို့ ဗိုက်ထဲကဟာနေပြီး တအားဆာနေတာကြောင့် စွပ်ပြုတ်တစ်ခွက်ကခနလေးပင်။



ချစ်ရပါသောကိုယ့်ရဲ့ 'မိုရာ'(Completed) Tempat cerita menjadi hidup. Temukan sekarang