သခင်က အပြင်ခနဆိုပြီးသွားတာအခုထိကိုပေါ်မလာပေ။သားသားကလဲ မနက်က နို့စို့ပြီးထဲအိပ်နေလိုက်တာခုထိမနိုး။သားရော ဖခင်ရော မိုရာ့ကိုပြစ်ထားနေလိုက်တာများ။သားလေးမွေးပြီးတုန်းကလဲ မီးနေသည်မို့လို့အပြင်မထွက်မရ ထွက်လို့ရပြန်တော့လဲသားကနုနုငယ်ငယ်လေးမို့ဆိူတဲ့သခင့်ရဲ့စကားအရ အဆောင်မှာသာနေရသည်။
အခုကျပြန်တော့လဲဟိုတနေ့ကဖြစ်ခဲ့တဲ့ကိစ္စမှာသခင်ကအပြင်ကိုထပ်လွှတ်ဖို့စိတ်မချနိုင်ဖြစ်နေသည်။
''ကီကီရေ...အပြင်မှာရှိလား''
ဘာရယ်မဟုတ်ပျင်းတဲ့စိတ်ကြောင့်ကီကီ့ကိုလှမ်းခေါ်လိုက်တော့အပြေးရောက်လာတဲ့သူက အမောတကောနဲ့မေးလေသည်။
''ရှိပါတယ်.. သခင်မ.ဘာများခိုင်းစရာရှလို့လဲဟင်''
''မရှိပါဘူး...ပျင်းနေတာနဲ့စကားလေးဘာလေးပြောကြမယ်လေ''
''ရပါတယ်... သခင်မ''
''အင်းး...တို့တွေလဲ ဘီဘီလက်ဆက်ပြီးထဲက သုံးယောက်ဆုံပြီးစကားပြောချိန်ကမရှိသလောက်ကိုနည်းခဲ့တာပဲနော်''
''ဟုတ်တယ် သခင်မ...ဘီဘီကလဲခင်ပွန်းသည်အတွက် အိမ်အတွက်အလုပ်ရှုပ်နေသလိုသခင်မကလဲသခင်ငယ်လေးကိုမီးဖွားနေချိန်ဖြစ်နေတာကိုး''
''အင်းနော်..ပြန်တွေးကြည့်တော့လဲအချိန်တွေကမြန်နေသလိုပဲ ဟိုတုန်းကဆိူ တို့သုံးယောက်ဝိုင်အတူချက်ခဲ့သလို ယိုတွေလဲအတူဝိုင်းထိုးကြတာသိပ်ကိုပျော်စရာကောင်းတာပဲ''
''အာ့တုန်းကအချိန်တွေကအပျော်ရွှင်ရဆုံးအချိန်တွေပါပဲ''
''အင်း ယိုထိုးတဲ့ရုံကလူတွေရောအဆင်ပြေကြလား မရောက်ဖြစ်တာကြာနေတော့အခြေအနေတွေလဲမသိတော့ဘူး''
''အကုန်လုံး အဆင်ပြေပါတယ် သခင်မ...အကုန်လုံး ကလဲသခင်မနဲ့သခင်ငယ်လေးကျန်းမာဖို့ပဲတွေးနေကြတာပါ သခင်မ ကျန်းမာရေးကောင်းမှသွားတွေ့ပေါ့''
''အင်း..မင်းရှိနေလို့သာ ယုံကြည်စိတ်ချပြီးနေရဲတာ မင်းသာမရှိရင်ငါတော့အခက်တွေ့တော့မှာ..ကျေးဇူး တင်ပါတယ် ကီကီ''
YOU ARE READING
ချစ်ရပါသောကိုယ့်ရဲ့ 'မိုရာ'(Completed)
Historical Fictionရှေးခေတ် မျိုးနွယ်စု ပုံစံရေးမှာပါ။ ဟိုဖက်မျိုးနွယ် ဒီဖက်မျိုးနွယ် တွေအကြောင်းပါ။စိတ်ကူးယဥ်ဇာတ်လမ်းဖြစ်လို့ တချို့ဟာတွေက လက်တွေ့နဲ့ကွဲပြားမှာပါ။.